Chapter 57
October 24, 2023
Chapter 57သူက ကျိလဲ့ယွီကို ထိုနေ့က ဤရှားစောင်းအိုးကို ပေးသည့်အချိန်က သူလိုချင်သော ပန်းအိုးရခဲ့၍ ၄င်းကို ကြိုက်မည်ဟု မျှော်လင့်ခဲ့ပေသည်။
သို့ဖြစ်၍ သူက သူ့၏ အနာဂတ်ညီငယ်လေးနှင့် လိုက်ဖက်သည့် ချစ်စရာကောင်းသော ရှားစောင်းပင်လေးကို ဂရုတစိုက် ရွေးချယ်ပေးလိုက်သည်။
သူက သူ့ညီမှာ သူ့ကိုယ်သူ ကာကွယ်နိုင်ပြီး သူ့ကိုယ်ပိုင် ပန်းအိုးရှိရန် မျှော်လင့်ခဲ့ပေသည်။
သူက ဤလက်ဆောင်ကို အလွန်စိတ်ရင်းမှန်စွာဖြင့် ရွေးချယ်ကာ ဤရှားစောင်းအိုးက ကျိလဲ့ယွီကဲ့သို့ သေးငယ်ကာ ချစ်စရာကောင်းသည်ဟုပင် တွေးခဲ့ပေသည်။
ကျိလဲ့ယွီက ၄င်းကို မကြိုက်၍သာ မမြတ်နိုးရခြင်း ဖြစ်ပေမည်။
လဲ့ဖေးက ၄င်းက တစ်ခုခုမှားနေသည်ဟု မထင်ပါပေ။ ၄င်းမှာ ကျိလဲ့ယွီတောင်းခဲ့သော လက်ဆောင်မဟုတ်ပါပေ။ သူက စပြီး ပေးခဲ့ခြင်းဖြစ်သည်။
သူပေးခဲ့သည်ကြောင့်ပင် တခြားသူက ချစ်ခင်ရမည်ဟူသော အကြောင်းပြချက်မရှိပါပေ။
ကြိုက်နှစ်သက်ခြင်းက တွန်းအားပေး၍ မရသဖြင့် ကျိလဲ့ယွီ မမှားပါပေ။
လင်းဖေးက ခေါင်းငုံ့ကာ ကျိလဲ့ယွီ၏ ရှားစောင်းပင်လေးကို စတင်ရေလောင်းလိုက်သည်။
သူက ရှားစောင်ပင်လေး၏ ထိပ်မှ ခြောက်သွေးနေသော မြေကြီးအထိ အများအပြားလောင်းလိုက်လေသည်။
ကျိလဲ့ယွီက ထိုအလေးအနက် အမူအရာကို မြင်သောအခါ ပို၍အပြစ်ရှိသည်ဟု ခံစားလိုက်ရသည်။
ရေလောင်းပြီးနောက် လင်းဖေးက ကျိလဲ့ယွီကို ပြောလိုက်သည်။
"ဒီမှာပဲ ထားခဲ့လိုက်တော့... ဒါကို ငါပဲ ဂရုစိုက်လိုက်မယ်..."
ကျိလဲ့ယွီက ၄င်းကိုမကြိုက်၍ ဂရုစိုက်မည်မဟုတ်ပါပေ။ အဆုံးတွင် ၄င်းက သေသွားမည် ဖြစ်သည်။ မည်သို့ပင်ဆိုစေ လင်းဖေးက ၄င်းကိုရွေးချယ်ခဲ့သည်ဖြစ်ရာ ဂရုစိုက်မည့်လူမရှိ၍ မသေစေလိုပါပေ။