No.47
September 16, 2023
Chapter 18ကျိလဲ့ယွီက သူ့ရှုရှုက ယခု ပျော်ရွှင်နေလား မသိသော်လည်း သူ့ရှုရှု ပျော်ရွှင်နေသည်ကို လိုချင်သည်။ ထို့ကြောင့် လက်ထပ်ပွဲကို မကန့်ကွက်ခဲ့ခြင်းဖြစ်သည်။
လက်ထပ်ခြင်းက ကောင်းတဲ့ကိစ္စဖြစ်သည်။
သူ့အဖေက သူ့အမေနှင့် လက်ထပ်ခဲ့ရသည်က သူ့ဘ၀၏အပျော်ရွှင်ရဆုံးကိစ္စပါဟု သူ့ကို ပြောခဲ့ဖူးသည်။ ထို့ကြောင့် သူ့ရှုရှုက ယခုလက်ထပ်ရတော့မည်ဖြစ်သည့်အတွက် ပျော်ရွှင်နေသင့်၏။
“ ပျော်လား..."
သူ ကျိယွီရှောင်ကို သူ့၏ဖြူစင်ပြီးလှပသည့်မျက်နှာလေးဖြင့် မေးလိုက်သည်။
“ရှုရှုလင်းက ပြောင်းလာပြီ...ပါးပါး လက်ထပ်ရတော့မယ်...သူ့ကိုကြိုက်လား...ပျော်နေလား..."
ကျိယွီရှောင် ပြုံးလိုက်သည်။
“သားက ငယ်ပါသေးတယ်...ဘာလို့ အဲ့ဒါကို ဂရုစိုက်နေတာလဲ...''
“သား သိချင်လို့ပါ..."
ကျိလဲ့ယွီ သူ့ကို ပြုံးကာ ကြည့်လိုက်သည်။
“ ပျော်နေလား...,”
“ ပျော်ပါတယ်...”
ကျိယွီရှောင် ကျိလဲ့ယွီ၏မျက်နှာကို ညစ်လိုက်သည်။
“မြန်မြန်စား...ရှောင်လီက စားပြီးရင်ကျောင်းသွားဖို့ လာခေါ်လိမ့်မယ်...”
“ဟုတ်...”
ကျိလဲ့ယွီ ခေါင်းငြိမ့်လိုက်သည်။
သူ့ရှုရှုက ပျော်တယ်လို့ပြောတယ်...ဒါဆို သူလည်း ပျော်တယ်...
သူ့ရှုရှု ပျော်နေတယ်ဆိုတော့ သူ ရှုရှုလင်းက သူတို့အိမ်ကို ရောက်လာတာကို လိမ်လိမ်မာမာနဲ့ ကျေကျေနပ်နပ်ကြီး ကြိုဆိုနေမှာပါ...
ကျိလဲ့ယွီ၌ ဆွေမျိုးတစ်ယောက်သာ ရှိတော့သည်။
ကျိလဲ့ယွီ သူမျက်လုံးဖွင့်ခဲ့သည့်နေ့ကို အမြဲတမ်း မှတ်မိနေခဲ့သည်။ ဆေးရုံခန်းက ဆူညံနေပြီး သူ့အဖိုးက သူ့မိဘ မရှိတော့ကြောင်း ပြောသည်ကို ကြားခဲ့ရသည်။