Chapter 31
October 09, 2023
Chapter 31ကျိလဲ့ယွီက စောင်ကိုမကာ အိပ်ရာထဲမှထလိုက်သည်။ ထို့နောက် လင်းဖေး မနေ့ညက ယူလာပေးသည့် ဖိနပ်ပါးများကိုစီးရင်း တံခါးထံလျှောက်သွားလိုက်၏။
“ဒါဆို သားသွားတော့မယ်နော် … .”
“အွန်း … ” လင်းဖေး သူ့ကိုထပ်ကြည့်လာ၏။
ကျိလဲ့ယွီ “……”
“သားကို ဘိုင့်ဘိုင်လို့ မနှုတ်ဆက်တော့ဘူးလား … ” ကျိလဲ့ယွီ မေးလိုက်သည်။
လင်းဖေးက အလွန်ကြင်နာတတ်၏။ “ဘိုင့်ဘိုင်… ”
…သူတကယ်ကြီး ဘိုင့်ဘိုင်လို့ပြောလိုက်တယ် …
ကျိလဲ့ယွီ နှုတ်ခမ်းဆူလိုက်ပြီး တစ်ဖက်လူအား မကျေမချမ်းစိုက်ကြည့်လိုက်၏။
လင်းဖေးက ထိုအမူအရာကို နားမလည်ချေ။ “ဘာဖြစ်လို့လဲ … ”
“ကိုကိုပဲ ခုနက ဘိုင့်ဘိုင်ဆို … ”
လင်းဖေး ပို၍ပင် နားမလည်နိုင်ဖြစ်သွား၏။. “မင်းပဲ ဘိုင့်ဘိုင်လို့ပြောခိုင်းတာ မဟုတ်ဘူးလား … ”
ကျိလဲ့ယွီ နှုတ်ခမ်းဆူလိုက်သည်။ ထို့နောက် ဟွန့်ကနဲ့ အသံပြုလိုက်၏။
လင်းဖေး “……”
ဤကလေးမှာ အလွန်နားလည်ရခက်သည်ဟု လင်းဖေးခံစားမိလိုက်၏။
သူက ကျိလဲ့ယွီအား အကူအညီမဲ့မှု ၃၀ ရာခိုင်နှုန်း၊ နားမလည်မှု ၃၀ ရာခိုင်နှုန်းနှင့် ကျီစားမှု ၄၀ ရာခိုင်နှုန်းပါသည့် အကြည့်ဖြင့်ကြည့်လိုက်သည်။ သို့သော် ကျိလဲ့ယွီက လင်းလော့ချင်း မဟုတ်ရာ လင်းဖေးမျက်လုံးများကို အဓိပ္ပာယ်မကောက်တတ်ချေ။ သူက လင်းဖေးမျက်လုံးတွင်းရှိ ကျီစယ်ရိပ်ကိုသာကြည့်ရင်း နှုတ်ခမ်းဆူကာ တံခါးပိတ်၍ ထွက်သွားလေသည်။
လင်းဖေး ခေါင်းယမ်းလိုက်ရင်း စာအုပ်ကို ဆက်ဖတ်နေမိ၏။
ကျိလဲ့ယွီ ဆေးကြောပြီးနောက် မနက်စာစားရန် အောက်ထပ်သို့ ဆင်းလာသည်။
မနေ့ညက လင်းလော့ချင်း သူ့အား ကံကောင်းမှုလွှဲပြောင်းသည့် လက်ပတ်ကလေး ပေးခဲ့သည်ကို မှတ်မိနေ၏။ သူက ပြုံးလိုက်ရင်း အလွန်ပျော်ရွှင်နေသကဲ့သို့ ဟန်ဆောင်လိုက်သည်။ ထို့နောက် လင်းလော့ချင်းနှင့် ကျိယွီရှောင်ထံလျှောက်သွားကာ သိသိနှင့်မေးလိုက်၏။