Chapter 15
September 16, 2023
Chapter 15လင်းလော့ချင်း ကားပြတင်းပေါက်အပြင်မှ မိုးစက်များကို ကြည့်လိုက်ပြီး ညရောက်လျှင် မိုးရွာရပ်သွားရန် ဆုတောင်းလိုက်သည်။ နောက်ဆုံးတွင် သူတို့ မနက်ဖြန် အိမ်ပြောင်းရမှာဖြစ်ပြီး မည်သူမှ မိုးရွာကြီးထဲ မပြောင်းချင်ပေ။
ထိုသို့ကိုတွေးနေစဉ် ကူရာမဲ့စွာ ကျိယွီရှောင်ကိုပါ တွေးမိသွားလေသည်။
ထိုအခါ လင်းလော့ချင်း ဖုန်းကို ထုတ်လိုက်ပြီး ကျိယွီရှောင်ထံ WeChatမှတစ်ဆင့် စာပို့လိုက်သည်။
[မိုးရွာနေတယ်...တကယ်လို့ မိုးက မနက်ဖြန်ထိ ဆက်ရွာနေသေးရင် ငါ သန်ဘက်ခါမှ ပြောင်းလာခဲ့မယ်...]
ကျိယွီရှောင် wechat မှမက်ဆေ့ခ်ျကိုမြင်သောအခါ ပြတင်းပေါက်အပြင်မှတစ်ဆင့် မိုးရွာနေသည်ကို ကြည့်လိုက်ပြီး စာပြန်လိုက်သည်။
[ကောင်းပြီ...]
'မိုးရွာတဲ့နေ့မှာ အိမ်ပြောင်းရတာ အဆင်မပြေဘူး...'
လင်းလော့ချင်း မြန်မြန်စာထပ်ပို့လိုက်သည်။
[ကျေးဇူးနော် ကော... [မွ] [မွ] ]
ကျိယွီရှောင် ယင်းကိုမြင်သောအခါ ရယ်မောလိုက်ပြီး မေးလိုက်သည်။
[အခုဘာလုပ်နေလဲ...]
လင်းလော့ချင်း : [ငါအခု ဖေးဖေးကို ကျောင်းသွားကြိုနေတာ...ဖေးဖေးဆိုတာက ငါ့တူလေးလေ...သူ့နာမည်ရင်းကတော့ လင်းဖေး...]
ကျိယွီရှောင် : [အဲ့လိုလား...ငါ့တူလေးလည်း ကျောင်းဆင်းတော့မှာ...သူ့နာမည်က ကျိလဲ့ယွီလေ...မင်း သူ့ကို လဲ့လဲ့ ဒါမှမဟုတ် ရှောင်ယွီလို့ခေါ်လို့ရတယ်...]
‘ငါ သိပြီးသား...'
လင်းလော့ချင်း တွေးလိုက်သည်။
'သူက ကြီးလာရင် ရုပ်ချော၊ အကျင့်မကောင်း၊ပုံမှန်မဟုတ်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေနဲ့ ရက်စက်လာမှာကိုလည်း ကြိုသိပြီးသား...’
လင်းလော့ချင်း အတွေးနှင့်ထိတ်လန့်မိသွားပြီး အိမ်ပြောင်းပြီးရင် ကျိယွီရှောင်ကို ကျိလဲ့ယွီ အတွက် စည်းကမ်းထုတ်ခိုင်းမည်ဟု ဆုံးဖြတ်လိုက်သည်။