Meeting Room ထဲသို့ ခန္ဓာကိုယ်နဲ့သေချာ တိုင်းချုပ်ထားတဲ့အနက်ရောင် suit အပြည့်ဝတ်ပြီး ဆံပင်ကိုသေသပ်စွာဖြီးထားတဲ့ မျက်တောင်ရှည်များဖြင့် တည်ကြည်တဲ့မျက်နှာပိုင်ရှင်အမျိုးသားတစ်ဦး ဝင်လာခဲ့သည်။ တောက်ပြောင်နေသော Designer brand ရှုးဖိနပ်နဲ့ခြေတံရှည်များက သူရဲ့ခန့်ညားမှုကိုထပ်မံပံ့ပိုးနေသယောင်။ အနည်းငယ်ဟနေတဲ့ရင်ဘတ်မှ တစွန်းတစမြင်နေရတဲ့တက်တူးကတော့ အမြင်မရိုင်းစေပဲ ဆွဲဆောင်မှုရှိသည့် လူငယ်အမျိုးသားတစ်ယောက်အသွင်ဆောင်စေသည်။
အစည်းဝေးခန်းထဲရှိ ငယ်ရွယ်တဲ့ ဒါရိုက်တာအမျိုးသမီး အချို့ ထိုအမျိုးသားရဲ့ ချောမောမှုတွင်နစ်မျောနေမိသည်။ ထိုချောမောမှုရဲ့နောက်ကွယ်က အလုပ်နဲ့ပက်သက်ရင် ဘယ်သူ့ကိုမှမထောက် ပြတ်သားပြီး ရက်စက်တတ်တာကိုတော့ သူတို့ခဏမေ့ထားလိုက်မိသည်။
Production Director ၏ စည်းရုံးခြင်းခံထားရသူတချို့ကတော့ ဘယ်ဘက်တွင်ရပ်တည်ရမလဲဆိုတာကို အသံတိတ်အတွေးများနေသည်။ အခြေအနေကြည့်ပြီးလုပ်ရမှာပဲလေ ဆောင်းဥက္ကဌသားကို ဆန့်ကျင်မိလို့ သူတို့အတွက် အကျိုးမရှိနိုင်ချေ။ ဆောင်းဟန်ဘင်းဆိုတာ ဆောင်းဥက္ကဌရဲ့ နောက်ခံမပါရင်တောင်ထက်မြက်ပြီး အရည်ချင်းရှိတဲ့လူငယ်ဖြစ်သည်။ ဆောင်းဟန်ဘင်း ဥက္ကဌရာထူးလွှဲယူပြီးတည်းက company ရဲ့ market share တွေအတော်လေးတက်လာသည်။ထူးချွန်တဲ့ SNU ကျောင်းဆင်းပီပီ networkingလည်းကောင်းတာကြောင့် ကိုရီးယားတင်သာမက နိုင်ငံရပ်ခြားထိပါ Sung groupရဲ့လက်တံတွေကိုဖြန့်လာနိုင်သည်။ ဆောင်းဟန်ဘင်း ဆွဲတဲ့ projectတိုင်း အောင်မြင်ခဲ့သည်ချည်းသာ။
" ကဲ Production Director
ကြီး ရှင်းစမ်းပါဦး R & D department က proposalတင်လာတည်းကFinance Director နဲ့ပါ ဆွေးနွေးပြီး ကျွန်တော်ကိုယ်တိုင် သေချာစဉ်းစားတွက်ချက်ပြီးမှ aprroveလုပ်ထားတဲ့ projectကို ခင်ဗျားက ဘာလို့ကျွန်တော့်ဆီ report တစ်ချက်မတင်ပဲ ဝင်ဆုံးဖြတ်ရလဲဆိုတာ?"ဟန်ဘင်း အစည်းဝေးစားပွဲထိပ်တွင်ဝင်ထိုင်လိုက်ရင်း ဟန်ဆောင်ကောင်းလွန်းသောအဘိုးကြီးကိုလှမ်းကြည့်ပြီးမေးလိုက်သည်။
![](https://img.wattpad.com/cover/363678065-288-k764846.jpg)
YOU ARE READING
Binneul Assignment
Fanfictionကျောင်းသားဘဝတည်းက ပြိုင်ဆိုင်ခဲ့တဲ့၂ယောက်က လုပ်ငန်းရှင်တွေဘဝမှာလည်း စီးပွားရေးပြိုင်ဘက်တွေဖြစ်လာတဲ့အခါ အနိုင်ယူလိုစိတ်တွေဖုံးနေတဲ့၂ယောက်က သူတို့ရင်ထဲကအသံကိုနားထောင်ဖြစ်ပါ့မလား