ဥက္ကဋ္ဌ ကျွန်တော်တို့productအသစ်
အတွက်ဒီနေ့စာချုပ်ချုပ်ဖို့လုပ်ထားတဲ့supplierက ကျွန်တော်တို့မချုပ်တော့ဘူးလို့ပြောလာပါတယ်""ဘာ ငါတို့အကုန်ညှိနှိုင်းပြီးသားလေ။ အခုမှသူတို့ဘက်ကဘာဖြစ်တာလဲ?"
ကျွန်တော်စုံစမ်းရသလောက်တော့
အခြားလုပ်ငန်းတစ်ခုက ပိုကာင်းတဲ့ကမ်းလှမ်းမှုလုပ်လာတယ်လို့ကြားပါတယ်""ဘယ်လုပ်ငန်းလဲ?"
"ဟို..ဟို"
"မြန်မြန်ပြောလေကွာ"
"ကျန်း...ကျန်းလုပ်ငန်းစုပါ"
"ဘာ? ဒီsupplierကိစ္စကငါတို့အတွင်းလူတွေပဲသိတာလေ။ သူတို့ကဘယ်ကနေဘယ်လိုသတင်းရပြီးဖြတ်လုသွားတာလဲ?"
"အဲ့...အဲ့ဒါတော့ကျွန်တော်လည်း..မသိ"
"ငါ ကျန်းဟောက်နဲ့စကားပြောမှဖြစ်တော့မယ်" ဟန်ဘင်းတွေးစစဖြင့်ပြောရင်း အတွင်းရေးမှူးကိုလုပ်စရာရှိတာသွားလုပ်ရန်သာပြောသည်။
'ငါကတော့ငါတို့ရင်းနှီးလာပြီးမဟာမိတ်တွေဖြစ်လာပြီထင်ခဲ့တာ။ မင်းဘက်ကတော့မဟုတ်ခဲ့ပုံပဲ ကျန်းဟာအို' ဟန်ဘင်း ကျန်းဟောက်ကိုဖုန်းဆက်ရန်သာပြင်လိုက်တော့သည်။
"လူကြီးမင်းခေါ်ဆိုသောဖုန်းနံပါတ်မှာဆက်သွယ်၍မရနိုင်ပါရှင်"
"တောက်! တကယ်ပဲမင်းဖြစ်နေတာလား ကျန်းဟာအို"
ဆောင်းဟန်ဘင်းဒေါသထွက်စပြုလာစဉ်တွင်ပင် အတွင်းရေးမှူးကအခန်းထဲသို့ပြေးဝင်လာသည်။
"ဥက္ကဋ္ဌ ဥက္ကဋ္ဌ ဒီသတင်းတွေကိုကြည့်ပါဦး"
ဟန်ဘင်း သတင်းတွေကိုကြည့်လိုက်သောအခါ အများစုကကျန်းဟောက်ကိုထိုးနှက်ထားသည့် အရေးအသားတွေများသည်။
"ကျန်းgroupရဲ့ ဥက္ကဋ္ဌကျန်းဟာအိုက Gayတစ်ယောက်လား? Sung groupဥက္ကဋ္ဌနဲ့ဘယ်လိုဆက်ဆံရေးများလဲ?
လုပ်ငန်းစုကြီး၂ခုရဲ့ပူးပေါင်းမှုကသွေးရိုးသားရိုးဟုတ်ရဲ့လား?" ကျန်းဟောက်ကိုမျိုးစုံထိုးနှက်ထားသည့် အရေးအသားတွေအပြင် ကျန်းဟောက်ကျောင်းတုန်းကပုံများနှင့် သူတို့condoထဲသို့အတူဝင်သွားပုံများကအစပါသည်။
![](https://img.wattpad.com/cover/363678065-288-k764846.jpg)
YOU ARE READING
Binneul Assignment
Fanfictionကျောင်းသားဘဝတည်းက ပြိုင်ဆိုင်ခဲ့တဲ့၂ယောက်က လုပ်ငန်းရှင်တွေဘဝမှာလည်း စီးပွားရေးပြိုင်ဘက်တွေဖြစ်လာတဲ့အခါ အနိုင်ယူလိုစိတ်တွေဖုံးနေတဲ့၂ယောက်က သူတို့ရင်ထဲကအသံကိုနားထောင်ဖြစ်ပါ့မလား