တစ်ပတ်လုံးသူ့ကိုပတ်ပြေးနေခဲ့သည့် ပန်ဒါနီလေးတစ်ကောင်ကို ဒီညတော့အမိအရဖမ်းရန် ဟန်ဘင်းကြံစည်ထားတယ်။ ဒီနှစ်အတွက်Santa Clausထံ ဟန်ဘင်းတောင်းဆိုထားသည့် ခရစ္စမတ်မတ်လက်ဆောင်ကတော့ ကျန်းဟာအိုဆိုသည့် ပန်ဒါနီလေးတစ်ကောင်။"ဒီည Zhang Groupရဲ့ Christmas partyကိုသွားမယ်"
"ဥက္ကဌ ဒီနေ့Sung group Christmas partyရှိတယ်လေ"
"အဲ့ဒါက ဆောင်းဥက္ကဋ္ဌကြီးတက်လိမ့်မယ်။ သူတို့အဘိုးကြီးတွေ အချင်းချင်းမြှောက်ပင့်ပြောနေမယ့်စကားတွေ ငါသွားထိုင်နားထောင်နေစရာမလိုပါဘူး"
"ဒါဆို Zhang Groupပွဲကရော?"
"Zhang Groupက ငါတို့နဲ့စီးပွားရေးpartnerတွေလေ။ Sung groupရဲ့ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ ငါပွဲတက်ပေးသင့်တာပေါ့"
"ဟင်"
ဆောင်းဥက္ကဋ္ဌ၏ အတွေးအခေါ်တွေကိုသူလိုက်မမှီတော့ပါ။ ကိုယ့်Companyပွဲကိုတော့ မတက်ပဲ သူများပွဲကိုတော့ တက်မယ်တဲ့
"ဒါနဲ့ အဲ့ပွဲမှာ ကျန်းဟောက်ရှိမှာလားဆိုတာ အရင်စုံစမ်းပေး"
"ဗျာ...ဟုတ်" ဥက္ကဋ္ဌတိုင်းကိုသူ့လိုများထင်လားမသိ။ Zhang groupပွဲမှာ ကျန်းဥက္ကဋ္ဌကသေချာပေါက်ရှိနေမှာပေါ့
'ဒီနေ့တော့ မင်းကိုမိအောင်ဖမ်းပြမယ် ကိုယ့်ရဲ့ကျန်းပန်ဒါလေး"
Zhang Group
"ကျန်းဥက္ကဋ္ဌ အလုပ်ကိုနည်းနည်းလျှော့လုပ်ပါဦး။ ဒီတလော အလုပ်တွေချည်းဖိလုပ်နေတာ။ ဟိုတစ်ခါလို နေမကောင်းဖြစ်နေဦးမယ်"
"အေးပါကွာ။ ငါမေ့ထားချင်တဲ့ကိစ္စတစ်ခုရှိနေတာမို့ အလုပ်ထဲအာရုံရောက်နေမှဖြစ်မှာမို့ပါ။Christmas party အတွက်အကုန် အဆင်သင့်ဖြစ်ပြီလား?"
"အကုန်ပြင်ဆင်ပြီးသွားပါပြီ။ ဥက္ကဋ္ဌ guest listကို ကြည့်ဦးမလား?"
"ဆောင်းဥက္ကဋ္ဌ ဒီပွဲတက်မှာလား?"
"မတက်လောက်ဘူးဗျ။ ဒီနေ့ Sung Groupကလည်း Christmas Partyလုပ်မှာဆိုတော့။ သူ့companyရဲ့ပွဲကိုတက်ဖို့များပါတယ်"
ယူဂျင်း စကားကိုကြားမှ ဟာအို အနည်းငယ်
စိတ်အေးသွားသည်။ မဟုတ်ရင် သူတစ်ပတ်လုံး ထိုကြောင်မျက်နှာကောင်ကိုမေ့ဖို့ အလုပ်တွေဖိလုပ်ထားရတာ အလကားဖြစ်သွားတော့မှာလေ။
![](https://img.wattpad.com/cover/363678065-288-k764846.jpg)
YOU ARE READING
Binneul Assignment
Fanficကျောင်းသားဘဝတည်းက ပြိုင်ဆိုင်ခဲ့တဲ့၂ယောက်က လုပ်ငန်းရှင်တွေဘဝမှာလည်း စီးပွားရေးပြိုင်ဘက်တွေဖြစ်လာတဲ့အခါ အနိုင်ယူလိုစိတ်တွေဖုံးနေတဲ့၂ယောက်က သူတို့ရင်ထဲကအသံကိုနားထောင်ဖြစ်ပါ့မလား