"လူကြီးမင်းခေါ်ဆိုသော ဖုန်းနံပါတ်မှာစက်ပိတ်ထားပါသဖြင့်....."ဟန်ဘင်း ကျန်းဟာအိုဖုန်းကိုအကြိမ်ပေါင်းများစွာခေါ်နေသော်လည်း ယခုတိုင်ပြန်လည်ဖြေကြားခြင်းမရှိသေးချေ။
ဟန်ဘင်းညစာစားပွဲမှပြန်လာတော့ ဟာအို့ဆေးရုံခန်းမှာဘယ်သူမှမရှိတော့။ သူနာပြုဆရာမလေးများကိုမေးတော့ ဆေးရုံဆင်းသွားပြီဟုသာဆိုသည်။ တကယ်ဆို နေ့ခင်းကတင် ဆရာဝန်ကြီးက ဒီနေ့တစ်ရက်ဆေးရုံမှာအနားယူဖို့လိုသေးကြောင်းပြောသွားသည်မလား။ ဒါကိုဘာလို့ ဆေးရုံဆင်းသွားရသလဲ ဟန်ဘင်းစဉ်းစားလို့မရ။ ဟာအိုဖုန်းကိုဆက်တိုက်ခေါ်နေသောလည်း မကိုင်သဘ့်အပြင်messageလေး တစ်စောင်တောင်ရောက်မလာချေ။
"ဘာတွေဖြစ်နေတာလဲ ဟာအိုရယ်"
ဟန်ဘင်းဆေးရုံခေါင်းမိုးထပ်မှတစ်ဆင့် ကောင်းကင်ကြီးကိုကြည့်ရေရွတ်လိုက်
မိသည်။ ညကောင်းကင်မှ တလက်လက်တောက်ပနေသော ကြယ်လေးတွေကိုမြင်တော့ သူနှစ်သက်သောအရာကိုမြင်လျှင်အရောင်တောက်လာတတ်သောဟာအို့မျက်လုံးလေးများကိုသတိရမိပြန်သည်။"ငါ နမ်းလိုက်တာကို အရမ်းကြောက်သွားတာများလား? အဖြေတောင်မပေးရသေးခင်ငါ့ကိုမုန်းသွားပြီလား??" ဟန်ဘင်းအတွေးပေါင်းစုံဖြင့်တစ်ယောက်တည်းရေရွတ်နေမိသည်။
"မေ့နေလိုက်တာ။ အတွင်းရေးမှူးဟန်ရှိတာပဲ။ သူ့ကိုဖုန်းဆက်ကြည့်ရမယ်"
"ဟယ်လို အတွင်းရေးမှူးဟန် ဟာအိုဘေးမှာရှိလား?"
"စိတ်မကောင်းပါဘူး။ ဥက္ကဋ္ဌကျန်းက ဥက္ကဋ္ဌဆောင်းမေးလာရင် သူနဲ့ပက်သက်ပြီးဘာမှမပြောပြဖို့ ကျွန်တော့်ကိုသေချာမှာထားပါတယ် " အင်မတန်စိတ်မကောင်းဖြစ်နေဟန်အသံဖြင့်ပြောနေသော ကင်မ်ဂယူဘင်းရည်းစားလေးကို ဆောင်းဟန်ဘင်းထအော်ချင်စိတ်များပင် ပေါက်လာသည်။ တကယ်သွားလုပ်မိရင်လည်း ချစ်သူငယ်ချင်းကြီးဆဲတာရော အနာဂတ်ရည်းစားလေးစိတ်ကောက်တာရောခံရဦးမည်။
ကျွန်တော်က ကျန်းဥက္ကဋ္ဌ ကျန်းမာရေးအခြေအနေမသက်သာသေးပဲဆေးရုံဆင်းသွားတယ်ထင်လို့ သတင်းမေးချင်ရုံပါ"
YOU ARE READING
Binneul Assignment
Fanfictionကျောင်းသားဘဝတည်းက ပြိုင်ဆိုင်ခဲ့တဲ့၂ယောက်က လုပ်ငန်းရှင်တွေဘဝမှာလည်း စီးပွားရေးပြိုင်ဘက်တွေဖြစ်လာတဲ့အခါ အနိုင်ယူလိုစိတ်တွေဖုံးနေတဲ့၂ယောက်က သူတို့ရင်ထဲကအသံကိုနားထောင်ဖြစ်ပါ့မလား