"ဒီနေ့ မင်းက ငါ့ကို ကူညီခဲ့တာဆိုတော့ ငါကျွေးမယ်" ဟာအိုက black card ကိုထုတ်ရင်းပြောလိုက်သည်။"မလိုပါဘူး။ နှစ်ဦးနှစ်ဖက် အကျိုးတူပူးပေါင်းတာပဲ။ ငါခေါ်လာတာဆိုတော့ ငါရှင်းမယ်။ မင်းမကျေနပ်ရင် တဝက်ရှင်း"
"ဒါဆိုလည်းတဝက်စီရှင်းတာပေါ့။ အဒေါ်ကြီးရေ ငွေရှင်းမယ်"
"ငါလိုက်ပို့ပေးမယ်" ငွေရှင်းပြီးတော့ဆောင်းဟန်ဘင်းက coatနဲ့ ကားသော့ကိုဆွဲယူရင်းနေရာမှထကာပြောလာသည်။
"မလိုဘူး။ ငါခုန ငါ့ဝန်ထမ်းတစ်ယောက်ကို
ငါ့ကားယူလာခိုင်းထားတယ်။ ဟိုမှာငါ့ကားရောက်နေပြီ။ မင်းပြောတဲ့ကိစ္စကို ငါ့အမေနဲ့စကားပြောကြည့်ပြီးရင် ငါသေချာတဲ့အဖြေပေးမယ်"
ကျန်းဟာအိုကပြောပြောဆိုဆိုဖြင့် သူ့ကားဆီထွက်သွားတော့သည်။ဟန်ဘင်းလည်းပင်ပန်းနေပြီဖြစ်၍အိမ်ပြန်ရန်သာ ဦးတည်လိုက်သည်။
ကျန်းဟာအို ကားမောင်းနေရင်း ယူဂျင်းဆီသို့ဖုန်းဆက်လိုက်သည်။
"ဟယ်လို ကော"
ယူဂျင်းက အလုပ်ချိန်ပြင်ပဆို သူ့ကို ကောဟုသာခေါ်လေ့ရှိသည်။
"ယူဂျင်း ငါအိမ်ပြောင်းချင်လို့ ငါဝယ်ထားတဲ့ထဲက တစ်ခန်းလောက်စီစဉ်ထားပေး"
"ဘာဖြစ်လို့လဲ ကော"
"ဒီတလော မားနဲ့ဝေးဝေးနေတာကောင်းမယ်ထင်လို့။Productအသစ်အတွက် လုပ်စရာတွေအများကြီးရှိသေးတယ်။ ငါ အာရုံနောက်မခံနိုင်ဘူး"
"ဟုတ် ကော ဝယ်ထားတဲ့Cloud Residenceက အခန်းကိုစီစဉ်ထားလိုက်ပါမယ်။ ဘယ်နေ့လောက်ပြောင်းချင်လဲ?"
"မြန်လေ ကောင်းလေ"
"ဟုတ်ကဲ့ ကော။ ဒါဆို ကျွန်တော်လုပ်စရာလေးရှိသေးလို့ ဒါပဲနော်"
"Ok မနက်မှရုံးမှာတွေ့မယ်"
"ကလေးရဲ့သူဌေးကလည်း အလုပ်ချိန်ကျော်နေပြီကို ဘာလို့ဖုန်းဆက်ပြီးခိုင်းနေသေးတာလဲကွာ"
ဘေးမှ ဂယူဘင်းက မကျေမနပ်ဖြင့်ပြောလာသည်။ ယခု ယူဂျင်းက ဂယူဘင်းနဲ့အတူ ဟန်မြစ်ကမ်းတွင်ရောက်နေခြင်းဖြစ်သည်။
YOU ARE READING
Binneul Assignment
Fanfictionကျောင်းသားဘဝတည်းက ပြိုင်ဆိုင်ခဲ့တဲ့၂ယောက်က လုပ်ငန်းရှင်တွေဘဝမှာလည်း စီးပွားရေးပြိုင်ဘက်တွေဖြစ်လာတဲ့အခါ အနိုင်ယူလိုစိတ်တွေဖုံးနေတဲ့၂ယောက်က သူတို့ရင်ထဲကအသံကိုနားထောင်ဖြစ်ပါ့မလား