Chapter 10 - My Prince

374 58 29
                                    


လူတွေက နောက်ဆုံးအချိန်ရောက်ရင် ဘဝရဲ့အမှတ်ရစရာဖြစ်ရပ်တွေကိုပြန်မြင်လာတယ်တဲ့ ဒါဆိုသူရော နောက်ဆုံးအချိန်ရောက်နေပြီလား?
ကျန်းဟောင် ခေါင်းထဲမှာ ဟန်ဘင်းကို စတွေ့ခဲ့တုန်းက ပုံရိပ်တွေ အခုရင်းနှီးလာတဲ့ပံရိပ်တွေက ရုပ်ရှင်ပြကွက်တွေလိုတစ်ခုပြီးတစ်ခုပေါ်လာနေသည်။

လမ်းကြားတစ်တွင် Suitအပြည့်ဝတ်ထားသောလူတစ်ယောက်က ဖုံးလျှိုးကွယ်လျှိုးဖြင့် ဖုန်းပြောနေသည်။

"ဟယ်လို မင်းတို့အမြန်လက်စသတ်တော့ အဲ့နေရာကို ဆောင်းဟန်ဘင်းလာနေပြီ။ ငါသူ့ကိုအကြာကြီးအချိန်ဆွဲထားလို့မရဘူး"

"missionပြီးပါပြီ"

"အေး နောက်လည်းဒီလိုသေသပ်တာပဲလိုချင်တယ်။ ဘယ်လိုအမှားမျိုးမှငါလက်မခံဘူး။ ကျန်းဟောက်နဲ့ဆောင်းဟန်ဘင်းအကြောင်းကိုလည်းဆက်စုံစမ်းထား။ အဓိက က ကျန်းဟောင်gayဆိုတာကို သက်သေပြလို့ရမယ့်ဟာလိုချင်တယ်။ ငါပြောတာနားလည်လား?"

"ဟုတ်ကဲ့ ကျွန်တော်ကြိုးစားပါ့မယ်။ အခုကြည့်ရသလောက်တော့သူတို့ အတော်လေးနီးစပ်လာပါပြီ"
ဖုန်းပြောပြီးသည်နှင့် ထိုလူသည်ထိုနေရာမှအမြန်ထွက်သွားတော့သည်။

မြို့ပြင်တွင်

"ဖုန်းlocationအရဆို ဒီနားမှာပါ"

ကယ်ဆယ်ရေးအဖွဲ့တွေကကြိုးစားရှာပေးနေသလို ဆောင်းဟန်ဘင်းလည်းစိတ်ထဲမှအကြိမ်ကြိမ်ဆုတောင်းကာ ကျန်းဟောက်ကို ကြိုးစားရှာနေမိသည်။

"ကျေးဇူးပြုပြီး ဘာမှမဖြစ်လိုက်ပါနဲ့ကွာ"

ဆောင်းဟန်ဘင်း တစ်ကိုယ်လုံးလည်းချွေးတွေရွှဲနေကာ ဖရိုဖရဲဖြစ်နေသည်။

"တွေ့ပြီ တွေ့ပြီ"

ဆောင်းဟန်ဘင်းထိုနေရာကိုအပြေးသွားမိသည်။

"ကားကိုကရိန်းနဲ့မတင်မှရမယ်"

"ငါတို့မှာကရိန်းမပါလာဘူးလေ။ ဘယ်လိုလုပ်မလဲ?"

"ဒါဆို တစ်ယောက်ယောက်က ခါးမှာကြိုးချည်ပြီးဆင်းကယ်မှရမယ်"

"ဒါမှမဟုတ် ကျွန်တော်တို့ကယ်ဆယ်ရေးပစ္စည်းအစုံအလင်သယ်လာမယ့်အဖွဲ့ကိုစောင့်မလား?"

Binneul AssignmentWhere stories live. Discover now