"ဟယ်လို ယူဂျင်းအင်း ဟျောင်းအဆင်ပြေပါတယ်။
နောက်ကွယ်ကလူကိုသာတစ်ချက်စုံစမ်းပေး။
ဆောင်းဟန်ဘင်းလည်းစုံစမ်းနေပေမယ့်
သူ့ကိုဒီကိစ္စတွေထဲဝင်မပါစေချင်လို့။ အင်း ကျေးဇူး" ဟန်ဘင်းကအပြင်မှ မုန့်
တချို့ဝယ်ပြီး အခန်းထဲဝင်လာတာကြောင့် ဟာအို ယူဂျင်းနဲ့ စကားစမြန်မြန်ဖြတ်လိုက်ရသည်။"ဟာအို နားနားနေနေ နေပါဆို။ အလုပ်ကိစ္စတွေပြောနေပြန်ပြီလား?"
"ယူဂျင်းကလှမ်းမေးနေလို့ပါ။ မင်း မပြန်သေးဘူးလား? ခဏနေမားတို့လာတော့မှာ"
"ဘာလဲ? ဟာအို့က ကိုယ့်ကိုမိတ်ဆက်ပေးရမှာရှက်နေတာလား? "
ဆောင်းဟန်ဘင်းက ဟာအို့ခါးသွယ်
သွယ်ကိုသူ့လက်၂ဖက်ဖြင့်ယှက်လာရင်း ဟာအို့လည်တိုင်ပေါ်ခေါင်းမှီလိုက်ကာအင်မတန်အားငယ်သွားဟန်ဖြင့်ပြောလာ၍ ဟာအိုမျက်လုံးအပြူးသားဖြစ်သွားရသည်။"ဘာတွေအရူးထနေတာလဲ? ဆောင်းဟန်
ဘင်းလိုလူက အားငယ်တတ်တယ်ဆိုတာကို အရူးတောင်မယုံဘူး"
ဟာအိုအမြင်ကတ်ကတ်ဖြင့်စွာပစ်လိုက်သည်။ Accidentဖြစ်ထားတာ သူလားကိုယ်လားတောင်မသိတော့ဘူး။ ဟာအိုသတိရလာတည်းက ခင်းလိုက်တဲ့dramaတွေဆိုတာ မနည်းမနော။ စီးပွားရေးမလုပ်ပဲ ရုပ်ရှင်မင်းသားလုပ်စားလို့တောင်ရလောက်သည်။"ဟာအို ကိုယ့်ကိုအသည်းယားအောင်လုပ်နေပြန်ပြီနော်။ ပြီးမှကိုယ့်အဆိုးမဆိုနဲ့"
"ဟာ ငါကဘာလုပ်နေလို့လဲ? မင်းကိုက တရားလွန်ဖြစ်နေတာ။ သွား အိမ်ပြန် အလုပ်လုပ်တော့။ ငါနဲ့လာကပ်မနေနဲ့"
"ဟာအိုကလည်းကွာ။ ဒီတစ်ရက်လောက်နဲ့ ကိုယ်မမွဲသွားပါဘူး" ဆောင်းဟန်ဘင်းပြောရင်းဖြင့် ဟာအို့နားကိုပိုကပ်လာပြန်သည်။
'ဒီဆောင်းဟန်ဘင်းကို ကြောင်မျိုးနွယ်များစပ်နေတာလား?"
"သား ဟာအိုရေ...မားလာ..."
"မား...." မားအသံကြောင့် ဟာအိုလန့်ကာဆောင်းဟန်ဘင်းကိုတွန်းထုတ်လိုက်မိသည်။
YOU ARE READING
Binneul Assignment
Fanfictionကျောင်းသားဘဝတည်းက ပြိုင်ဆိုင်ခဲ့တဲ့၂ယောက်က လုပ်ငန်းရှင်တွေဘဝမှာလည်း စီးပွားရေးပြိုင်ဘက်တွေဖြစ်လာတဲ့အခါ အနိုင်ယူလိုစိတ်တွေဖုံးနေတဲ့၂ယောက်က သူတို့ရင်ထဲကအသံကိုနားထောင်ဖြစ်ပါ့မလား