ဟာအိုရေမိုးချိုးပြီး အလုပ်သွားရန်
အမြန်ထွက်လာလိုက်သည်။ မနက်စာကတော့လမ်းရောက်မှစားရတော့မည်။"ဟင် ဒါကဘာလဲ? ငါလည်းဘာမှမမှာထားပါဘူး"
တံခါးလက်ကိုင်တွင်ချိန်ထားသော လင်းပိုင်ပုံအိတ်ကိုကြည့်ပြီး ဟာအိုကြောင်နေမိသည်။
"စာပါတာပဲ။ ဟာအိုလက်ရေးခပ်သော့သော့ဖြင့်ရေးထားသောပန်းရောင်စာရွက်လေးကိုဖတ်ကြည့်လိုက်သည်။
ဆန်ပြုတ်တွေပိုနေလို့ စားလိုက်ဦး။ မင်းမြန်မြန်သေသွားရင် ငါ့ပြိုင်ဘက်ကောင်းတစ်ယောက်လျော့သွားမှာစိုးလို့ ဆေးလည်းထည့်ပေးထားတယ်။ ဆန်ပြုတ်စားပြီးဆေးသောက်ဖြစ်အောင်သောက်။
/ ဆောင်းဟန်ဘင်း"ဟ ဒီကောင်ကဘာကိစ္စအမိန့်တွေလာပေးနေတာလဲ? သူနဲ့ငါကဘာဆိုင်လို့လဲ?"
' ငါလည်းအချိန်မရတာနဲ့အတော်ပဲ။ရုံးယူသွားပြီးစားလိုက်ရင် အချိန်မကုန်တော့ဘူး'
ဟာအို ကိုယ့်အတွေးနဲ့ကိုယ် ပြုံးရင်း အိတ်ကိုယူလာခဲ့လိုက်လေသည်။
"ဒါဒီနေ့scheduleပါ ဥက္ကဋ္ဌ။ မနက်စာစီစဉ်ပေးဖို့လိုသေးလား"
"မလိုဘူး။ ငါ့မှာပါတယ်"
ဟာအိုပြောပြောဆိုဆိုဖြင့် ဆန်ပြုတ်
ထည့်ထားသောအပူခံဘူးလေးကိုထုတ်ပြီးဖွင့်လိုက်သည်။ ကြက်သားဆန်ပြုတ်ရနံ့လေးကရုံးခန်းထဲတွင်မွှေးပျံ့လာကာ ခုနမှ ဂယူဗင်းနဲ့အတူမနက်စာစားလာသော ဟန်ယူဂျင်းတောင် ဗိုက်ပြန်ဆာလာသလိုပင်။"ဥက္ကဋ္ဌ ဘယ်တုန်းက ဟင်းချက်သင်လိုက်တာလဲ"
ကျန်းဟောက် အကြောင်းကိုသူအသိဆုံးဖြစ်သည်။ ကျန်းဟောက်သာချက်လာရင်ဒီလို ဆန်ပြုတ်မျိုး ထွက်လာစရာအကြောင်းမရှိ။ သူမသိတုန်းများ ဟင်းချက်သင်လိုက်တာလား။
"ဟို...ဒါက...ငါ့...ငါ့ အိမ်နီးချင်းပေးတာ"
"ဘယ်လို ဥက္ကဋ္ဌကဘယ်တုန်းက သူများပေးတာစားဖူးလို့လဲ? အဲ့ဒါထက် အိမ်နီးချင်း ဟုတ်လား? ဥက္ကဋ္ဌ ငယ်ငယ်တည်းကနေခဲ့တဲ့ကျန်းအိမ်တော်ရဲ့အိမ်နီးချင်းဘယ်သူလဲတောင်မသိတဲ့ဥက္ကဋ္ဌကလေ?"
YOU ARE READING
Binneul Assignment
Fanfictionကျောင်းသားဘဝတည်းက ပြိုင်ဆိုင်ခဲ့တဲ့၂ယောက်က လုပ်ငန်းရှင်တွေဘဝမှာလည်း စီးပွားရေးပြိုင်ဘက်တွေဖြစ်လာတဲ့အခါ အနိုင်ယူလိုစိတ်တွေဖုံးနေတဲ့၂ယောက်က သူတို့ရင်ထဲကအသံကိုနားထောင်ဖြစ်ပါ့မလား