"ယနေ့မှာတော့ Sung group ဟာ Dessert Marketထဲကို ခြေလှမ်းသစ်စတင်တဲ့အနေ နဲ့ new product လေးကို launch လုပ်လိုက်ပါပြီ။ အခုSung groupရဲ့ ဥက္ကဋ္ဌ ဆောင်းဟန်ဘင်းကို product အသစ်ကြောင်း တွေ့ဆုံမေးမြန်းသွားမှာပါ။ Sung groupရဲ့ ဥက္ကဋ္ဌဆောင်းဟန်ဘင်းဟာ 21ရာစုရဲ့ အလားအလာအရှိဆုံး လူငယ်လုပ်ငန်းရှင်များစာရင်းဝင် တစ်ဦးဖြစ်သလို သူ့ရဲ့ချောမောတဲ့ရုပ်ရည်နဲ့ဆွဲဆောင်မှုရှိတဲ့အပြုံးကြောင့် The most eligible bachelor listမှာ လည်း တစ်ပြေးနေတဲ့ ပျိုမဒီတွေကြားမှာရေပန်းစားတဲ့ လုပ်ငန်းရှင်တစ်ယောက်ပါ။SNUရဲ့famous alumni ကိုရီးယားရဲ့top ten စာရင်းဝင်လုပ်ငန်းတစ်ခုရဲ့ဦးဆောင်သူအနေနဲ့ ပရိသတ်ကြီးကို သူ့ရဲ့စိတ်ဝင်စားအတွေ့အကြုံတွေမျှဝေရင်း product အသစ်အကြောင်းကိုလည်းမိတ်ဆက်ပေးသွားမှာပါ။
" Product အသစ်အကြောင်းလေး မိတ်ဆက်ပေးပါဦး ဒီproduct ကိုထုတ်လုပ်ဖို့ ဘယ်လိုideaရခဲ့တာလဲရှင့်?"
ဆောင်းဟန်ဘင်းက camera ဘက်ကိုကြည့်လိုက်ကာ
"ဟုတ်ကဲ့ အစကတော့ ဒါကျွန်တော်နဲ့ကျွန်တော့်သူငယ်ချင်းထောင်ထားတဲ့လက်ဖက်လုပ်ငန်းလေးအတွက် ကျွန်တော် အပျော်တမ်းဆွဲထားတဲ့projectလေးပါ။ နောက်မှ ဒါလေးကိုSung groupရဲ့အကျိုး
လက်မှုပညာရှင်ကလေးတွေရဲ့ အကျိုးအတွက် အသုံးပြုပေးလိုက်ရင် ပိုကောင်းမယ်တွေးမိလို့ ဒီprojectလေးကို စတင်ဖြစ်သွားတာပါ။ Chocolateတွေထက်စာရင်
ဒီMatcha giftလေးက လူကြီးလူငယ်မရွေး လက်ဆောင်ပေးလို့လည်းအဆင်ပြေမယ်လို့ကျွန်တော်ထင်ပါမယ်။
လူတစ်ယောက်ရဲ့ကျန်းမာရေးအတွက်
လက်ဆောင်ပေးတယ်ဆိုတာ ချစ်ခြင်း
မေတ္တာကိုပြသခြင်းတစ်မျိုးလို့ ကျွန်တော်ခံယူထားပါတယ်။ သူက ငါ့အတွက်တွေးပေးပါလား ဆိုတဲ့ခံစားချက်လေးက လက်ဆောင်ရရှိသူ့ရဲ့ရင်ထဲမှ အနွေးဓာတ်လှိုင်းလေးတစ်ခုဖြတ်သွားစေမှာပါ။ဟာအို မျက်မှောင်ကိုကျုံ့လိုက်မိသည်။
"ဒီကောင်က ဘာလဲ ငါ့new productကို တဖက်လှည့်နဲ့ဖဲ့ချင်နေတာလား။" ဟာအိုနှုတ်ခမ်းဆူကာဝေဖန်ရင်း ဆောင်းဟန်ဘင်းပြောတာကို ဆက်နားထောင်နေမိသည်။ သူပြောတာနားထောင်ချင်လို့တော့မဟုတ်ပါ စီးပွားရေးသမားတစ်ယောက်အနေနဲ့ ကိုယ့်ပြိုင်ဘက်ရဲ့ခြေလှမ်းတွေကိုသိထားဖို့လိုတယ်လေ။
![](https://img.wattpad.com/cover/363678065-288-k764846.jpg)
YOU ARE READING
Binneul Assignment
Fanfictionကျောင်းသားဘဝတည်းက ပြိုင်ဆိုင်ခဲ့တဲ့၂ယောက်က လုပ်ငန်းရှင်တွေဘဝမှာလည်း စီးပွားရေးပြိုင်ဘက်တွေဖြစ်လာတဲ့အခါ အနိုင်ယူလိုစိတ်တွေဖုံးနေတဲ့၂ယောက်က သူတို့ရင်ထဲကအသံကိုနားထောင်ဖြစ်ပါ့မလား