-3-

716 62 1
                                    

[Unicode]

ရှောက်ချွင်သည် အမူအရာဖြစ်စေ၊ လေသံဖြစ်စေ အလွန်ရိုးသားဟန်ပေါ်နေသည်။ လီချိန်ရှို့ကို ပိုအနေကျုံ့စေပြီး သူ့ကိုပင် အားနာသလို ခံစားလာရစေသည်ထိပင်။

သူအဲ့သည်နှစ်တုန်းက ရှောက်ချွင်ကို တကယ်ပဲ မုန်းတီးခဲ့သည်။ သူ့ကြောင့်သာ မဟုတ်ရင် ဒီနေ့လို ဟိုတယ်လို နေရာမျိုးမှာပဲ ပိတ်မိနေပြီး စားဖိုမှူးပဲလုပ်နေရမှာမဟုတ်။ သူအထက်တန်းအောင်ကာ တက္ကသိုလ်ကောင်းကောင်းတက်ရပြီး၊ မတူညီတဲ့အလုပ်၊ လုံးဝမတူညီတဲ့ ဘဝနေထိုင်မှုမျိုးကို ပိုင်ဆိုင်နေရလောက်သည်။ ဒါပေမဲ့ ဆယ့်လေးငါးနှစ်နီးပါးကြာပြီးနောက်တော့ သူနားလည်တာတွေ များလာပြီး ကံတရားဆိုတာမျိုးကိုလည်း ယုံကြည်လာတတ်ခဲ့သည်။ ရှောက်ချွင်က သူ့အတွက် အလွန်ဝေဝါးလှသည့် ပုံရိပ်ငယ်လေးတစ်ခုအဖြစ်သာ ကျန်ရှိနေပြီး ငယ်စဉ်က ချိုချဉ်လုစားတတ်သည့် ကလေးငယ်ကို အမုန်းမပွားတော့သလိုမျိုး ဒီလူနှင့် ပတ်သက်ပြီး သူ့မှာ အရင်ကတည်းက ဘာမှတ်ဉာဏ်မှမရှိတော့။

ထိုသို့ ရိုးသားကာ စူးရှသော အကြည့်များကြား လီချိန်ရှို့က ဖျော့‌တော့တော့ အပြုံးတစ်ပွင့်ကို လှစ်ပြလိုက်သည်။ ရှောက်ချွင်နှင့်တွေ့ခဲ့သောထိုနေ့မှစ၍ ယခုထိတိုင် ရင်ထဲတွင် ကျိတ်ခဲနေသော အစိုင်အခဲက တဖြည်းဖြည်းပျော်ဝင်လာသည်။ အခုမှ ရှောက်ချွင်နှင့် သိကျွမ်းရသလို ရှင်းလင်းပြီး တွန့်ဆုတ်ခြင်းကင်းမဲ့သော လေသံဖြင့် "ရပါတယ်" ဟု ပြောလိုက်၏။

ရှောက်ချွင် သူ့ကို စိုက်ကြည့်နေသည့် အကြည့်မှာ မူမမှန်စွာတောက်ပနေရာ လီချိန်ရှို့ မနေတတ်တော့၍ အကြည့်လွှဲလိုက်ရသည်။

အနံ့အရသာနှင့် ပြည့်စုံသော သရေစာများမှာ တစ်ခုပြီးတစ်ခု ရောက်ရှိလာရာ ရှောက်ချွင်က ဖော်ရွေစွာဖြင့် သူ့အား စား‌သောက်ဖို့ ဧည့်ခံတော့သည်။

လီချိန်ရှို့က အစားမကြီး။ ညစာလည်း စားထားတာကြောင့် သိပ်စားချင်စိတ်မရှိ၍ နှစ်မျိုးသုံးမျိုးလောက်သာ စားသည်။

ရှောက်ချွင်က စားရင်း ဒီနှစ်တွေအတွင်း အခြေအနေ ဘယ်လိုရှိသလဲ မေးလာသည်။

ကနွဲ့ကလျ (ဘာသာပြန်)Where stories live. Discover now