-23-

444 34 0
                                    

[Unicode]

လီချိန်ရှို့သည် ဒုတိယနေ့တွင် မနက်ပိုင်းအလုပ်ဆင်းပြီးနောက် ညနေတွင် ပြန်လာသည် ။

သူ ဟိုတယ်မှ လတ်ဆတ်သော အသားအရွက်အနည်းငယ်ကို ယူလာခဲ့သည်။ ဟင်းချက်ရာတွင် ကျန်သော အဆာပလာများဖြစ်သော်လည်း ကောင်းသည်ဟု ဆို၍ရ‌သည်။ သူရှောက်ချွင်အတွက် ဟင်းကောင်းကောင်းချက်ပေးရန် ပြင်ဆင်နေသည်။

တကယ်တော့ မနက်ဆိုင်းကိုပြောင်းရတာ ကောင်းတော့ကောင်းသည်။ သူ ယခု အလုပ်သွားရတာတောင် မနည်းစိတ်အားတင်းနေရသည်။ မြန်မြန်သွားပြီး မြန်မြန်ပြန်လိုသည်။

ရှောက်ချွင် ထိုနေ့က သူ့ကိုဂရုစိုက်မည့်သူမရှိဟုဆိုခြင်းကို တွေးမိသည်နှင့် သူလည်းပဲ ခံစားရခက်ရသည်။ ရှောက်ချွင်လိုလူမျိုးက ငယ်ကတည်းက အလိုလိုက် အကြိုက်ဆောင်ခံရသူမျိုးမှန်း သူသိသည်။ တစ်ယောက်တည်း အပြင်မှာ စီးပွားရေးလုပ်ရတာ အလွန် မလွယ်ကူပေ။ အမြဲ အပြင်စာစားနေရတော့ ကျန်းမာရေးအတွက်လည်း မကောင်း။ ယခု သူအချိန်ပိုရ၍ သူ့အား ကောင်းကောင်း ဂရုစိုက်စောင့်ရှောက်ပေးရန် တွေးနေမိသည်။

ညစာချက်ချိန်တွင် အရာအားလုံးကို သန့်ရှင်းပြီး ရိုးရိုးရှင်းရှင်းသာ အဓိကထားလိုက်သည်။ ရှောက်ချွင်ရှောင်သော အစာများကိုလဲ သူမထည့်။ ပုံစံအမျိုးမျိုးနှင့် ဟင်းပွဲက ခုနစ်မျိုးလောက် ဖြစ်သွားသည်။

ပုံမှန်ဆိုလျှင် သူက ဒီလောက် ဟင်းပွဲအများကြီး ချက်မည်မဟုတ်။ သေချာပေါက် စားမကုန်လျှင် ဖြုန်းတီးရာကျမည်လေ။ ယခုတော့ သူ့အတွက် ထမင်းချည်းပဲ နှစ်ရက်လောက်သာ ကျန်ပါစေဦး ၊ ရှောက်ချွင်ကိုတော့ ကောင်းကောင်း စားစေချင်မိသည်။

ထမင်းဟင်းချက်ပြုတ်ပြီးနောက် သူအိမ်ရှင်းသည်။ အတွင်းအရောအပြင်ပါ သန့်ရှင်းသပ်ရပ်နေစေပြီး မျက်စိရှုပ်စရာ ဘယ်နေရာမှ ရှာမရစေရ။

သို့သော် ခုနစ်နာရီထိစောင့်ပြီးနောက် ရှောက်ချွင်က မလာသေးပေ။

လီချိန်ရှို့ မအောင့်အည်းနိုင်ဘဲ ဖုန်းဆက်ရာ ဖုန်းဝင်သော်လည်း ကိုင်မည့်သူမရှိ၍ သူစိတ်ထဲ စိုးရိမ်မိသည်။

ကနွဲ့ကလျ (ဘာသာပြန်)Where stories live. Discover now