-31-

526 38 1
                                    

[Unicode]

"တူညီတဲ့အချက်?"

လီရှော့တွင် အလွန်လှပသော မျက်ဝန်းများပိုင်ဆိုင်သည်။ မျက်ဆံမကြီးပဲ ကျဉ်းမြောင်းရှည်လျားသည်။ ထူးခြားစွာ နက်ရှိုင်းသည်။ မျက်မှန်ချွတ်လိုက်သည့်အခါ စည်းကမ်းတင်းကျပ်သည့် အရိပ်တို့ အနည်းငယ် လျော့ကျသွားကာ ထက်မြက်၍ ကျက်သရေရှိနေ၏။ထိုသို့သော မျက်ဝန်းတစ်စုံဖြင့် စိုက်ကြည့်ခံရခြင်းက ထွင်းဖောက်ကြည့်ခံနေရသည့်အလား။

လီချိန်ရှို့သည် သူ၏အကြည့်များကြောင့် မနေတတ်တော့၍ အကြည့်များကို လေးဘက်လေးလံ ရွေ့လျားမိသည်။

အပြင်တွင် ဘယ်အချိန်ကရင်း မိုးဖွဲကျနေသည်မသိ။ သူတို့ထိုင်နေသာ အပြင်ဘက်က ရေပန်း ကန်လေးတစ်ခုဖြစ်သည်။ ဂီတသံက နွေးထွေးဆိတ်ငြိမ်နေကာ မိုးစက်များ ရေပြင်ပေါ်သက်ဆင်းသံကို နားပသာဒရှိစွာ ကြားနေရသည်။ ထိုစဉ် လီရှော့၏ လေးနက်သော ရှတတလေသံက အလေးအနက်ဝင်ရောက်လာသည်။ နောက်မှ လီချိန်ရှို့ စိတ်ထဲ ထိုအသံသည် သူကြားဖူးသမျှ ရင်ထဲထိစေသော စကားတစ်ခွန်းပင်ဖြစ်သည်ဟု တွေးမိသည်။

"ချိန်ရှို့။ လူဆိုတာ ကိုယ့်အခု အသက်အရွယ်ရောက်လာရင် အချိန်ဖြုန်းမိမှာကို အကြောက်ဆုံးပဲ။ ဘာကြောင့်လဲဆိုတော့ ငယ်ရွယ်နုပျိုမှုတွေ မရှိတော့ဘူးလို့ ထင်မိလို့ ။ ဘာကိစ္စလုပ်လုပ် အဆောတလျင်ဖြစ်စေချင်ကြတယ်။ ဆုံးရှုံးမှုတွေဖြစ်ပြီး နောင်တတွေပဲ မကျန်ရအောင်လို့။ အမှန်အတိုင်းပြောရရင် သုံးလေး‌လလောက်တုန်းက ကိုယ်အချစ်တစ်ခုကို ပြတ်စဲနိုင်ခဲ့တယ်။ သူက ကိုယ့်ရဲ့ကျန်ရှိတဲ့ ဘဝတစ်ခုလုံး အဖော်ပြုနိုင်မဲ့သူလို့ ထင်နေခဲ့မိတယ်။ ဒါပေမဲ့ ..... ဘယ်လိုပြောရမလဲ။ ငယ်ရွယ်တဲ့သူတွေရဲ့ နှလုံးသားကို ကိုယ် တဖြည်းဖြည်း အမှီမလိုက်နိုင်တော့ဘူးနဲ့ တူပါတယ်။ ကိုယ့်ရဲ့ လိင်တိမ်းညွှတ်မှုက ရုံးမှာလဲ လျှို့ဝှက်ချက် မဟုတ်ဘူးဆိုတာ ယုံတယ်။ ကိုယ့်မှာ အရမ်းပွင့်လင်းတဲ့မိဘတွေရှိတယ်။ ကိုယ်နဲ့အတူ ဘဝကိုဖြတ်သန်းဖို့ ဆန္ဒရှိတဲ့ လူတစ်ယောက်ကို ရှာဖွေချင်တယ်။ ဒါကြောင့် ဒီနေ့ ကိုယ်မင်းကို ဖိတ်ခေါ်ခဲ့တယ်။ မင်းကို နားလည်ချင်ခဲ့တယ်။ ဒီလိုက မင်းအတွက် ရုတ်တရက်ကြီးဖြစ်မသွားဖို့လဲ မျှော်လင့်တယ်။ ဒါပေမဲ့ မင်းလဲ ဝေ့လည်ကြောင်ပတ်လုပ်နေတာမျိုး မကြိုက်ဘူးဆိုတာ ကိုယ်ယုံကြည်တယ်။ ဟုတ်တယ်မလား?"

ကနွဲ့ကလျ (ဘာသာပြန်)Where stories live. Discover now