-57-

493 27 0
                                    

[Unicode]

လီချိန်ရှို့သည် ငြင်းဆိုခံလိုက်ရပြီးနောက် တံခါးထပ်မခေါက်ရဲတော့ပေ။

ပြဿနာမဖြစ်စေလို၍ သူ့စရိုက်နှင့်သာဆို ဒီလိုလက်ပေါက်ကပ်သူကို အသာလေး သည်းခံနိုင်ပါသည်။

အခန်းပြန်ရောက်ပြီးနောက် ထင်သည့်အတိုင်း ဘောလုံးပုတ်သံက ထပ်မံမြည်လာပြန်သည်။ လီချိန်ရှို့မှာ စိတ်ရှုပ်သည့်အပြင် ဒေါသပါထွက်လာသော်လည်း မတတ်နိုင်ချေ။

နေ့ခင်းဘက်တွင် သူဆက်ပြီး အလုပ်လျှောက် အင်တာဗျူးဖြေလိုက်နှင့် စာရင်းကိုင်နှင့်ပတ်သက်သော အလုပ်များမှာ အဆင်မချောလှဘဲ သူ့လို စကားထစ်ထစ်အအကို အသုံးမပြုချင်ကြပေ။ ဝမ်းရေးအတွက်တွေးမိပြန်တော့ အရင်အလုပ်ဟောင်းကိုသာ ပြန်လုပ်ရန်တွေးရသည်။

လီချိန်ရှို့ ထိုနေ့က ပုံမှန်အတိုင်း အိမ်ပြန်လာသည်။ ပြန်ရောက်ရောက်ချင်းမှာပင် ရှောင်ချာပေးကို သူ့အသိုက်ထဲ လဲနေလျက် ကြမ်းပေါ်မှ အဖြူရောင်အမြုပ်များနှင့် မြင်လိုက်ရသည်။

လီချိန်ရှို့ သူ့အား အလျင်အမြန်ချီပွေ့လိုက်ပြီး သူ့ပုံစံက အားအင်မရှိသည့်အလား ဖျော့တော့နေသည်။ ထိုမှသာ ရှောင်ချာပေးက ဒီရက်ပိုင်း သူအိမ်ပြန်လာတိုင်း ဘောင်းဘီစလာမဆွဲတတ်တာ သတိရမိတော့သည်။

ဒီကာလမှာ သူလည်းပဲ ပင်ပန်းနွမ်းနယ်နေကာ သူ့အား ဂရုစိုက်ဖို့ အချိန်လည်းသိပ်မရခဲ့။ အခုတော့ ကြည့်ရတာ ဖျားပြီထင်သည်။ ဒီလောက်ခွေးသေးသေးလေးက ဖျားသည်ဆိုမှတော့ အသက်အန္တရာယ်ထိရှိနိုင်သည်ပင်။

လီချိန်ရှို့သည် စိတ်ပူ၍ ငိုတော့မလိုဖြစ်နေသည်။ ရှိသမျှ ငွေသားအားလုံးကို ကိုယ်နှင့်မကွာသယ်၍ ထိုသတ္တဝါလေးကို ကြမ်းခင်းပေါ်မှ ‌ကောက်ချီကာ အပြင်ထွက်သည်။ သူ ဟိုမေးဒီမေးနှင့်မှ အနားရှိ တိရစ္ဆာန်ကုဆရာဝန်ကို ရှာတွေ့သည်။ သူရောက်သွားချိန်တွင် တစ်ဖက်မှ သော့ပိတ်နေလေပြီ။ လီချိန်ရှို့က အပြေးတပိုင်း လျှောက်သွားသည်။

တိရစ္ဆာန်ကုဆရာဝန်က ဖြူဖြူဝဝ လူငယ်တစ်ယောက်ဖြစ်သည်။ ကြင်နာတတ်ပုံပေါ်၏။ လီချိန်ရှို့၏ အလောသုံးဆယ်ပုံကိုမြင်လျှင် တံခါးမပိတ်တော့ဘဲ ရှောင်ချာပေးကို ကုသပေးသည်။

ကနွဲ့ကလျ (ဘာသာပြန်)Where stories live. Discover now