-5-

667 43 0
                                    

[Unicode]

ဆံနီကောင်လေးက လက်မှရေကို ခါလိုက်သည်။

"သုံးလေးခေါက်တော့ ဆေးပြီးပြီ။ ပြောင်လား မပြောင်သေးဘူးလား မသိ"

"တော်တော့ တာ့လိ။ အခုမှ ပိုးမွှားကြောက်တဲ့ရောဂါရှိသလို ဟန်ဆောင်မနေနဲ့"

"ဟေး... သုံးလေးခေါက်လောက်တော့ ဆေးထားလိုက်ဦးမှ။ ငါက သူ့အဲ့စောက်ကျင့် ကူးမှာပဲ ကြောက်တာ"

လီဝိန်ရွှင့်က နှာခေါင်းထိပ်မှ မျက်မှန်အား ပင့်တင်ရင်း ဝင်ပြောသည်။

"ဘာအဓိပ္ပာယ်တုန်း။ ခြောက်တာက ကူးတတ်တယ်ပေါ့"

သူက အဓိပ္ပါယ်ပါပါပြုံးရင်း...

"မင်းတို့ မသိဘူးလား။ ကြားဖူးတာတော့ သူတို့လို လူမျိုးတွေ အားလုံးက......"

သူတမင်တကာ သံရှည်ဆွဲကာ မဲ့ပြုံးပြုံးရင်း ဒီလူတွေကို ကြည့်နေသည်။

ရှောက်ချွင်က စိတ်မရှည်စွာ မျက်မှောင်ကြုတ်ရင်း ကိုလာတစ်ငုံသောက်ပြီးမှ...

"ဘာလဲ။ ပြောစရာရှိတာပြော"

"အားလုံးက လိင်တူကြိုက်တဲ့သူတွေလို့ ကြားဖူးတယ်ကွ"

"လိင်တူကြိုက်တာ?"

သုံးယောက်လုံး တစ်သံတည်း မေးလာသည်။

လီဝိန်ရွှင့်က မျက်ခုံး မျက်လုံးတို့ဖြင့် အချက်ပြလိုက်ရင်း ဆဲတော့သည်။

"Fuck! တိုးတိုးပြောစမ်းပါဟ။ သူများမသိမှာ ကြောက်လို့လား"

၉၀ ခုနှစ် နှောင်းပိုင်းတုန်းက လိင်တူချစ်ခြင်း ဝေါဟာရသည် စိမ်းသက်နေဆဲဝေါဟာရတစ်ခု ဖြစ်သည်။ စောစောရင့်ကျက်နေသော အလယ်တန်းနှစ် ကျောင်းသားတွေအနေနှင့် သိဖို့ပင်ဝေးစွ၊ ကြားဖူးနားဝပင် မရှိသည့်အပြင် သူတို့နှင့် အမှန်ပင် အလှမ်းဝေးလွန်းလှ‌သည်။ သူတို့၏ အသိစိတ်ထဲတွင် လိင်တူချစ်ကြိုက်ခြင်းက မကောင်းဆိုးဝါးများကို ကိုယ်စားပြုပြီး တစ်လောကလုံးနှင့် ဆန့်ကျင်သည့် အပြစ်သားများပင် ဖြစ်သည်။

လေးယောက်သား ချက်ချင်းလိုပင် စူးစမ်းလိုစိတ်တက်ကြွလာရာ...

ကနွဲ့ကလျ (ဘာသာပြန်)Where stories live. Discover now