မနက်ခင်း မနက်စာခေါက်ဆွဲစားရင်းဖုန်းကြည့်နေတဲ့ ဂျောင်ဂု..အိမ်ရှေ့ဘက်ကိုကျောပေးကာထိုင်နေတာကြောင့်အနောက်ကလာသူကိုမမြင်ရ..
ထယ်ဟျောင်းတယောက် ဖုန်းလေးပွတ်ရင်းမနက်စာစားရန် ထမင်းစားခန်းသို့အလာ ခေါင်းငုံ့ကာခေါက်ဆွဲစားနေတဲ့ ဂျောင်ဂုကို တမင်လုပ်ချင်စိတ်ကြောင့် ဖုန်းပွတ်နေတဲ့လက်ကတတောင် ဆစ်နဲ့ ဂျောင်ဂုရဲ့ခေါင်းကိုဝင်တိုက်မိသယောင်တိုက်တွန်းတွန်းလိုက်တာကြောင့် ခေါက်ဆွဲစားနေတဲ့ ဂျောင်ဂုမှာ ပါးစပ်နဲ့နှာခေါင်းတို့မှာ ခေါက်ဆွဲအရည်တွေပေပွလို့သွားသည်..
" ဂင်မ်ထယ်ဟျောင်း! !!"
" အိုးးးးဆော်တီး မမြင်လိုက်လို့ "
" လီးကိုမမြင်တာလား ဘေးမှာနေရာအကျယ်ကြီးကို ငါ့ခေါင်းဝင်တိုက်စရာဘာအကြောင်းမှမရှိဘူး မင်းတမင်လုပ်တာမဟုတ်လား "
" တမင်လုပ်စရာလား ငါတတောင်ဆစ်လေးတောင်နာသွားတယ် "
သူတတောင်ဆစ်ကတောင်နာသွားပါတယ်ဆိုပြီး တတောင်ဆစ် ကိုပွတ်ကာလုပ်ပြနေတဲ့ ထယ်ဟျောင်းရဲ့မချိုမချဥ်မျက်နှာကြောင့် ဂျောင်ဂုဒေါသကငယ်ထိပ်သို့ပိုရောက်သွားပြီး ထိုင်နေရာကနေထကာ ထယ်ဟျောင်းနားကိုသွားလို့ အနောက်က နံရံကပ် ဗီဒိုကိုလက်သီးဖြင့်ထိုးလိုက်တာကြောင့် ထယ်ဟျောင်းရဲ့ကိုယ်လုံးလေးဟာ ကျုံ့လို့သွားပြီး သူ့ကိုအပေါ်ကနေစီးပြီးကြည့်နေတဲ့ ဂျောင်ဂုကို မျက်လုံးလေးလှန်လို့ကြည့်နေသည်..
" ဘာ မင်းကတောင်နာသေးတယ်ပေါ့ဟုတ်လား ငါ့ခေါင်း ငါ့မျက်နှာပေကုန်တာကရော "
ဂျောင်ဂုဂျိုင်းအောက်ကနေလျိုထွက်လို့သွားပြီး
စားပွဲပေါ်ကတစ်ရှူးကိုယူကာပေနေတဲ့ ခေါက်ဆွဲရည်တွေကိုသုတ်ပေးနေတဲ့ ထယ်ဟျောင်း.." ဆော်တီးပါ တကယ်မမြင်လိုက်လို့ပါ"
" ဖယ် စောက်ပိုတွေလာမပြောနဲ့ မင်းကြည့်နေ!!!"
ထယ်ဟျောင်းရဲ့လက်ကိုတွန်းဖယ်ကာ လက်ညိုးငေါက်ငေါက်ထိုးလို့ မျက်လုံးကြီးပြူးကာ ပြောသွားတဲ့ ဂျောင်ဂု.. မျက်နှာငယ်လေးလုပ်ပြကာ နားထောင်နေတဲ့ထယ်ဟျောင်း .အဲ့ရုပ်ကိုက
ဂျောင်ဂုအတွက်ပိုပြီးဒေါသထွက်ချင်စရာ..
YOU ARE READING
𝕄𝕣. 𝕄𝕣 (complete)
Fanfictionဤ Fic သည် အရမ်းရိုင်းစိုင်းသော အသုံးအနှုန်းတွေကိုသာသုံးထားသော Big Warning 🚨21+ Fic တပုဒ်ဖြစ်သည် ။