#အကို
#ထယ်ရာ ဘာလို့ဖုန်းပိတ်ထားတာလည်း အကိုမင်းစီဖုန်းတွေခဏခဏဆက်နေတာ ဖုန်းကစက်ပိတ်ထားတယ်ပဲပြောနေတယ်
# အကို
# ထယ် ဘာဖြစ်လို့လည်း ခုဘယ်မှာလည်း အကိုလာခဲ့မယ်
# အကို ကျွန်တော်ကို အကိုတိုက်ခန်းမှာခဏလောက်ပေးနေပါလား
# ရတယ် တိုက်ခန်းကိုလာခဲ့ အကိုလည်းအဲ့ကိုလာခဲ့မယ်
ထယ်ဟျောင်းမှာ သူ့ရဲ့ခရီးဆောင်အိတ်လေးဆွဲကာ ယွန်းဂီရဲ့ အပိုရှိနေသေးတဲ့ တိုက်ခန်းရဲ့အခန်းတံခါးလေးရှေ့မှာ ငုံ့တုတ်လေးထိုင်စောင့်လို့နေသည်..
ခုအခြေအနေမှာ အိမ်လည်းမပြန်ချင်သလို မိဘတွေကိုလည်းသူမပြောရဲ သူပြောပြန်ရင်လည်းမိဘတွေက ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ပြန်ပေါင်းအောင်လုပ်မှာ.သူ့ကိုမချစ်တဲ့သူတယောက်နားမှာသူမနေချင်တော့တာကြောင့် တနေရာမှာနေဖို့သာဆုံးဖြတ်လိုက်ရခြင်းဖြစ်သည်..
သူ့ရှိရာအပြေးရောက်လာတဲ့ ယွန်းဂီ.. ယွန်းဂီရောက်လာတာမြင်တော့ထိုင်နေရာကနေထလိုက်သည်.
" ထယ် "
ထယ်ဟျောင်းဟာ သူရဲ့ရှေ့မှာရပ်နေတဲ့ ယွန်းဂီရဲ့ပခုံးပေါ်ခေါင်းလေးမှီချလိုက်ကာ ထပ်မှန်ငိုပြန် သည်.
"အကို ကျွန်တော် ကျွန်တော်သူ့ကိုချစ်မိသွားပြီ ဟင့်"
ယွန်းဂီမှာ ထယ်ရဲ့ကျောပြင်လေးကိုလက်ကလေးဖြင့်ပုတ်ကာနှစ်သိမ့်ပေးရင်း
" ထယ် ချစ်တာအပြစ်မှအဟုတ်တာ ကိုယ်ချစ်နေတာကိုချစ်မှန်းမသိပဲ နောက်မှနောင်တမရဖို့ကသာအဓိကပဲလေ "
" ကျွန်တော်ကွာရှင်းဖို့လက်မှတ်ထိုးပေးခဲ့လိုက်ပြီ"
" ဘာ ဘယ်လို "
ယွန်းဂီဟာ ထယ်ဟျောင်းရဲ့ လက်မောင်းနှစ်ဖက်ကိုကိုင်ကာ မျက်နှာခြင်းဆိုင်လိုက်ပြီး
" ဘာလို့လက်မှတ်ထိုးပေးခဲ့တာလည်း အဲ့ကောင်ကဖောက်ပြန်နေတာလေ "
" အကို "
" အကိုအကုန်သိပြီးပြီ မနေ့က ထယ်စီဖုန်းဆက်မရလို့ သူ့Bar ကိုလိုက်သွားတာ အကိုအကုန်မြင်ပြီးပြီ ဒါမိဘတွေကိုပြောရမှာလေ ဘာလို့သူဖြစ်ချင်နေတာကိုအခွင့်အရေးပေးလိုက်ရတာလည်း လာ အိမ်ထဲဝင်ရအောင် "
YOU ARE READING
𝕄𝕣. 𝕄𝕣 (complete)
Fanfictionဤ Fic သည် အရမ်းရိုင်းစိုင်းသော အသုံးအနှုန်းတွေကိုသာသုံးထားသော Big Warning 🚨21+ Fic တပုဒ်ဖြစ်သည် ။