42

6.6K 282 132
                                    

အိမ်ပြန်လာတဲ့ ထယ်ဟျောင်းကို ဧည့်ခန်းထဲမှာတချိန်လုံးစောင့်နေတဲ့ ဂျောင်ဂု ထယ်ဟျောင်းပြန်​ရောက်လာတာမြင်တော့ ထိုင်နေရာကနေထကာ ထယ်ဟျောင်းရှိရာသို့သွားကာဖက်လိုက်ပြီး

" ဘယ်တွေသွားနေတာလည်းကွာ ငါမင်းကိုစောင့်နေတာ "

" ဂျောင်ဂုနေမကောင်းဘူးလား ပြစမ်း ကိုယ်ပူစမ်းကြည့်ရအောင် "

ဂျောင်ဂုရဲ့နဖူးလေးကိုစမ်းကြည့်ပြီး ပါးလေးနှစ်ဖက်ကိုလည်းလက်ဝါးဖြင့်အုပ်ကာကိုင်လို့

" မပူပါဘူး ဘယ်လိုဖြစ်တာလည်း မောင် မျက်နှာမကောင်းပါလား "

" ငါ့ကိုထားမသွားဘူးမဟုတ်လားထယ် ငါ့ထက်သာတဲ့သူတွေ့ရင်ထွက်သွားမှာလားထယ် "

" ဘယ်လိုစကားကြီးတွေမေးနေတာလည်း "

ထယ်ဟျောင်းခါးလေးကိုပြန်ဖက်ထားပြန်ကာပခုံးလေးပေါ်ပါးလေးတင်ကာ ထယ်ဟျောင်းရဲ့လည်တိုင်လေးမှာမျက်နှာလေးကပ်လို့

" မသိဘူး မင်းကိုဆုံးရှုံးရမှာကြောက်လာတဲ့ ခံစားချက်ကြီးဖြစ်နေလို့ ငါ့ကိုထားမသွားဘူးမဟုတ်လား"

" ထားသွားမှာ "

" ထယ်! မစနဲ့ကွာ!"

" ဟော ဘယ်လိုဖြစ်နေတာလည်း ငါခုဗိုက်ဆာနေလို့ မင်းလိုက်ချင်လိုက်ခဲ့ မလိုက်ချင်နေခဲ့တော့ ထမင်းစားခန်းကို "

" ထယ်!!!! ငါတကယ်ပြောနေတာကွာ "

ထယ်ဟျောင်း ဂျောင်ဂုဖက်ထားတာကိုဖယ်ကာထွက်သွားတော့အနောက်ကနေထအော်လိုက်တဲ့ ဂျောင်ဂု ဘေးနံရံကိုလည်းလက်သီးဖြင့်ထိုးလိုက်သည်..

ထယ်ဟျောင်း ဂျောင်ဂုရဲ့အပြုအမှုကြောင့် ထမင်းစားခန်းကနေပြန်လှည့်လာကာ ဂျောင်ဂုနံရံကိုထိုးလိုက်တဲ့လက်ကိုလှမ်းကိုင်လိုက်ပြီး

" မင်းစိတ်ထဲဘာမရှင်းတာရှိလို့လည်းပြော "

" ထားမသွားဘူးလို့ပြောကွာ ငါ့ကိုမထားခဲ့ပါဘူးလို့ပြောကွာ ငါ့ထက်သာတဲ့ကောင်မင်းမှာမရှိပါဘူးလို့ပြောကွာ "

ဂျောင်ဂုတောင်းဆိုသမျှကို ပြုံးပြုံးလေးနားထောင်နေတဲ့ ထယ်ဟျောင်း.. ဂျောင်ဂုရဲ့ ပခုံးပေါ့ လက်ကလေးနှစ်ဖက်ဆန့်ကာတင်လိုက်ပြီး မျက်နှာလေးကိုကြည့်ကာ..

𝕄𝕣. 𝕄𝕣 (complete) Where stories live. Discover now