ညနေစောင်းလောက်မှာကမန်းကတန်းအပြေးလေးရောက်လာတဲ့ သူငယ်ချင်းနှစ်ယောက် အစကမသိသေးဘူး ဂျောင်ဂုစီ ဖုန်းဆက်ကြည့်တော့ ထယ်ဟျောင်းကဖုန်းကိုင်ပြီး ဂျောင်ဂုအိပ်နေတယ်ပြောတော့ ပြန်အဆင်ပြေပြီထင်ခဲ့ကြတာ တကယ်တော့ဆေးရုံရောက်နေမှန်းသလို့ရောက်လာကြခြင်းဖြစ်သည်..
ဟိုဘီ " ဟေ့ရောင်ဘယ်လိုဖြစ်တာလည်း "
" မင်းတို့ဘယ်လိုရောက်လာကြတာလည်း "
ဂျီမင် " တနေကုန်ရောက်လည်းမလာဘူး အရင်နေ့ကလိုဘာဖြစ်တယ်ညာဖြစ်တယ်ပြောသံလည်းမကြားလို့ အိမ်မှာတခုခုဖြစ်နေမလားဆိုပြီးစိတ်ပူပြီးဆက်လိုက်တာ မင်းမကိုင်ပဲထယ်ဟျောင်းကိုင်တာသူပြောပြလို့သိတာ ဒါနဲ့ထယ်ဟျောင်းရော ပြန်သွားတာလား အနားမှာနေပေးဖို့မပြောလိုက်ဘူးလား အဲ့လောက်တောင်စိမ်းကားသွားတာလား.ဒါနဲ့သူကဘယ်လိုဖြစ်လို့မင်းဆေးရုံတက်ရတာသိနေတာလည်း "
" ဖြေးဖြေးဂျီမင် မင်းသိချင်တာတွေအရမ်းများနေပြီ ပြောပြမယ် မနက်က ထယ်ဟျောင်းစီဖုန်းပြန်ဆက်လို့ရခဲ့တယ် အဲ့တာတွေ့ဖို့ပြောပြီး ငါသူ့ကိုဝင်ခံလိုက်ပြီ "
ဟိုဘီ " ကောင်းတယ် ဒါနဲ့ထယ်ဟျောင်းကလက်ခံလား ပြန်ချစ်တယ်တဲ့လား"
" ဟင့်အင်း "
ဂျီမင် " ဘာ! ထယ်ဟျောင်းကငြင်းတာလား မင်းကိုမချစ်ဘူးတဲ့လား "
" အင်း ငါသူနဲ့စကားပြောပြီး ဗိုက်အောင့်တာနဲ့ဆေးရုံရောက်လာတာ ငါအနားမှာနေပေးဖို့ပြောထားလို့ နေပေးနေတာ "
ဟိုဘီ " အနားမှာနေခိုင်းလို့နေပေးနေတာဆို သူမင်းကိုစိတ်ရှိလို့ပေါ့ "
" ဟင့်အင်း ထားပါငါကြိုးစားမယ်လို့ပြောထားတယ် "
ဂျီမင် " ဒါနဲ့ ထယ်ဟျောင်းကိုမတွေ့ပါလား "
" ခုဏအလုပ်ကိစ္စတွေမှာစရာရှိလို့ဆိုပြီးအပြင်ခဏဖုန်းထွက်ပြောနေတယ် "
သူစကားအဆုံးမှာပဲ အခန်းထဲဝင်လို့လာတဲ့ ထယ်ဟျောင်း. ဟိုဘီနဲ့ဂျီမင် ကလည်းဝင်လာတဲ့ထယ်ဟျောင်းကိုနှုတ်ဆက်လိုက်သည်..
YOU ARE READING
𝕄𝕣. 𝕄𝕣 (complete)
Fanfictionဤ Fic သည် အရမ်းရိုင်းစိုင်းသော အသုံးအနှုန်းတွေကိုသာသုံးထားသော Big Warning 🚨21+ Fic တပုဒ်ဖြစ်သည် ။