"ဗျာ!"
သူနာပြုဆရာမရဲ့စကားကြောင့် ထယ်ဟျောင်းမှာထိုင်နေရာကနေမက်တပ်ထရပ်လိုက်မိသွားသည်..
ကျသွားတဲ့ဖုန်းကိုကိုင်ပြီး လက်သည်းကိုက်ကာ ဟိုဘက်လျှောက်လိုက်ဒီဘက်လျှောက်လိုက်နဲ့စဥ်းစားနေပြီး သူနာပြုဆရာမပြောသွားတာတွေကိုနားထဲလည်းပြန်ကြားယောင်နေမိသည်.
*လူနာကိုနေ့လည်ကဘာလို့တယောက်ထဲထားခဲ့တာလည်း လူနာစောင့်ကမရှိတော့ နေ့လည်ကအစားမစားဘူးထင်တယ် နေ့လည်လောက်မှာအခန်းထဲက အလန်းမြည်လို့ ဆရာဝန်တွေအရေးပေါ်ပြေးသွားရသေးတယ် ဗိုက်ပြန်အောင့်လို့တဲ့ ခုလိုလုပ်နေမယ်ဆိုရင် အစာအိမ်ဖြစ်သွားလိမ့်မယ် ခုလည်းဘယ်ပျောက်သွားမှန်းမသိဘူး မြန်မြန်လာပေးပါ *
" တကယ်ပျောက်နေတာလား ဒီကောင်က ကလိန်ကကျစ်ယုံရတာမဟုတ်ဘူး နေစမ်းပါအုံး မင်းကောင်မက မရှိလို့လား ဆန်ပြုတ်လေးတောင်ဝယ်မတိုက်ဘူးလား ဘာလို့မစားတာလည်း သေချင်နေလို့မစားတာလား အားးးးငါ့ကိုစိတ်ဒုက္ခပေးဖို့မွေးဖွားလာတာလား ရှစ် "
" ငါသွားရမှာလား သွားစရာဘာအကြောင်းရှိလို့လည်း ငါနဲ့ကဘာမှမဆိုင်တော့ဘူးလေ ကွာရှင်းပြီးသားယောကျားကိုဂရုစိုက်စရာလိုလို့လား အဲ့တာသူစောက်ကြောင်းလေ သေသေရှင်ရှင် ပျောက်ပျောက်ပေါ်ပေါ် ငါနဲ့မှမဆိုင်တာ "
လမ်းလျှောက်စဥ်းစားနေရာကနေ ထိုင်ကာစဥ်းစားပြန်သည်..
"ဆေးရုံက လူနာရှင်ဆိုလို့ ငါ့ပဲသိတာလေ ငါမသွားလို့ဖြစ်ပါ့မလား.တာဝန်မယူသလိုဖြစ်နေမလာ..ဖြစ်ပါတယ် ဘာဆိုင်တာမို့လို့ ..မဟုတ်သေးဘူး ငါက အားးးး ဂျွန်ဂျောင်ဂု!!! "
စားပွဲပေါ်က ကားသော့ကိုကောက်ယူကာ ဆေးရုံသို့ထွက်လာခဲ့တော့သည်..အရေးပေါ်ကောင်တာစီသို့အပြေးရောက်လာတဲ့ ထယ်ဟျောင်း
" ဆရာမ လူနာပျောက်လို့ဆို "
သူနာပြု " ရှင် ဘယ်လူနာလည်းမသိဘူး "
" လူနာဂျွန်ဂျောင်ဂု "
သူနာပြု " ဟင် ဟုတ်လား မကြားမိသလိုပဲ "
အရေးပေါ်ကောင်တာက ဆရာမတွေကမသိသလိုဖြစ်နေတော့ ထယ်ဟျောင်း လည်းဘာမှဆက်မမေးတော့ပဲ ဂျောင်ဂုအခန်းရှိရာစီသို့သာပြေးထွက်လာခဲ့တော့သည်..အခန်းထဲပြေးဝင်လိုက်တော့ ကုတင်ပေါ် ဆေးရုံအဝတ်အစားကိုချွတ်ထားသလိုဆေးပိုက်ကိုလည်းဖြုတ်ထားတာက ဆေးတွေကတဆက် ဆက်နဲ့အောက်သို့ကျနေသည်..ထယ်ဟျောင်းအပြင်သို့ပြန်ထွက်မလို့ပဲရှိသေးတယ် အနောက်ကနေသူရဲ့ခါးလေးကိုသိုင်းဖတ်ခြင်းခံလိုက်ရသည်..
YOU ARE READING
𝕄𝕣. 𝕄𝕣 (complete)
Fanfictionဤ Fic သည် အရမ်းရိုင်းစိုင်းသော အသုံးအနှုန်းတွေကိုသာသုံးထားသော Big Warning 🚨21+ Fic တပုဒ်ဖြစ်သည် ။