Final

8.2K 306 133
                                    

နာရေးခန်းမကြီးတခုရဲ့အခန်းတခန်းထဲ အဖြူရောင်ဂန္ဓာမာပန်းတွေဖြင့်အလှစင်ထားကာအလယ်မှာအလှဆုံးပြုံးနေတဲ့သူရဲ့ဓာတ်ပုံဘောင်လေး..ထိုအခန်းထဲ ဝမ်းနည်းစွာငိုကြွေးနေတဲ့မိဘနှစ်ပါး..

အနောက်တိုင်းဝတ်စုံအမဲဝမ်းဆက်ဖြင့် ထိုဓာတ်ပုံရှေ့ ဂန္ဓာမာပန်းတပွင့်ချကာ နှုတ်ဆက်ပြီး မိဘနှစ်ပါးဘက်လှည့်ကာနှုတ်ဆက်တော့ ဂျောင်ဂုကိုမြင်တော့ ထပ်မှန်ငိုနေပြန်တဲ့အမေဖြစ်သူ..

" ဟင့် အဖြစ်ဆိုးလိုက်တာ အမေကြောင့် အမေကြောင့်ခုလိုတွေဖြစ်ရတာ အမေကြောင့် "

" မိန်းမရယ်တော်ပါတော့ မင်းပါလဲသွားတော့မှာပဲ ဒါတွေအားလုံးကကံစီမှန်ရာသွားနေရတာ တော်ပြီမငိုနဲ့တော့ လူတွေမှာသေတနေ့မွေးတနေ့ပဲလေ "

" ကိုယ့်သားသမီးဆုံးရှုံးရတာကိုမငိုတဲ့မိဘရှ်ိမလား တော်ပါးစပ်ပိတ်ထား ခုကလည်း သူများကြောင့်ဖြစ်ရတာ အဲ့တာကလည်းကျွန်မကြောင့် ဟင့်ဟင့်"

" အမေစိတ်ထိန်းပါအုံး "

" သားဂျောင်ဂု ဟင့် သားပေါ်အမေတို့မှားခဲ့တာတွေအတွက်သားခွင့်လွှတ်ပေးပါနော် "

" ဟုတ်ကဲ့ "

ခန်းမထဲက ဧည့်သည်တွေကြားထိုင်လို့နေတဲ့ဂျောင်ဂုပန်းတွေကြားထဲကပြုံးနေတဲ့ဓာတ်ပုံ​ကိုကြည့်ပြီး

" ထွက်သွားတာနဲ့ပြီးသွားရောလား ငါမင်းကိုခွင့်မလွှတ်ဘူး လုံးဝခွင့်မလွှတ်ဘူး ဘဝဆက်တိုင်းငါ့ဆီမှာအကြွေးလာဆပ်ရမယ် ဒါမင်းအတွက်ငါ့ပေးတဲ့ပြစ်ဒဏ်ပဲ "

ထိုအချိန်အနားကိုရောက်လာတဲ့ယွန်းဂီ ဂျောင်ဂုဘေးနားဝင်ထိုင်ကာ ဖန်ခွက်အလွတ်ထဲဆိုဂျူကိုထည့်ကာတခွက်မော့လိုက်ပြီး

"အချစ်ကြီးရင်အမြတ်ကြီးတယ်တဲ့ ကိုယ့်ချစ်သူကိုလူတယောက်ကအပ်လေးတချောင်းနဲ့ထိုးလို့ ကိုယ်ချစ်သူကနာပါတယ်လို့ပြောလာရင် အပ်နဲ့ထိုးတဲ့သူကိုပုဆိန်နဲ့ပေါက်ဖို့ဝင်မလေးတက်တာ အချစ်ကြီးတဲ့သူတိုင်းရဲ့ထုံးစံပဲ.... ငါသွားတော့မယ် ငါအလုပ်ကိစ္စတွေရှိသေးလို့ "

ယွန်းဂီထိုင်နေရာကနေထကာလှည့်ထွက်လိုက်ချိန် အနားသို့ရောက်လာတဲ့ ဂျီမင်နဲ့ဟိုဘီ..

𝕄𝕣. 𝕄𝕣 (complete) Where stories live. Discover now