မနက်ဖြန်ရောက်တော့
Uni ကိုအစောကြီးလာပြီး စာမေးပွဲအတွက်
ပြင်ဆင်ရန် လုပ်နေသည်။ ထိုနောက်
ကောင်မလေးတစ်ယောက်ကရောက်လာလေသည်။"ဟဲ့ Fuhan နင်သိလား ဒီနေ့ uni ကို
ငါတို့မေဂျာအတွက်လာကြည့်ပေးမဲ့CEO
လာမယ်တဲ့ ""ဘယ်က CEO လဲ"
"Jiang ကုမ္ပဏီက CEO Jiang Luo Shi "
ဟမ် ငါ့Ex နာမည်နဲ့တူနေသလားလို့
မဟုတ်လောက်ပါဘူး။
ငါတို့က အွန်လိုင်းရည်းစားဖြစ်ဖူးခဲ့ကြတယ်လေ သူ့ပုံကိုလဲပြပြီးပြီ
ဒီက CEO ကတော့ အရှိန်အဝါကြီးတဲ့
လူတန်းစားကပဲဟာကို
အွန်လိုင်းသုံးနေမယ့်အချိန်တောင်
ရှိချင်မှရှိမှာ ....
ငါအထင်လွဲတာပဲနေမှာပါ...။
ရုပ်မတူလောက်ပါဘူးနော်....။"အင်း ငါကြားဖူးတယ် "
"သူကကြွေချင်စရာကြီး မိန်းကလေးတွေဝိုင်းဝိုင်းလည်နေမှာပဲ"
"ဟားဟား ဟုတ်လောက်မှာပါ"
"နင်ကြည့်မှသိလိမ့်မယ်"
သူကချောတယ်လို့ပြောတာပဲ
ကြည့်မှသိမယ်ပေါ့နော်
ဒါပေမဲ့ အခုလည်းသွားကြည့်ဖို့အရမ်းကြီး
မအားနေဘူးလေ"Yo!! Xiao Xiao စာတွေရနေပြီပေါ့"
"ဟားဟား Tian Wu "
ကိုယ်နဲ့မေဂျာတူတဲ့အတန်းဖော်တစ်ယောက်ကစကားလာပြောလေသည်။ သူက
ဒီအတိုင်းlaw ကို စိတ်ဝင်စားလို့သာယူခဲ့တာ
တကယ်တမ်းဆိုရင် သူက နာမည်ကြီး
အွန်လိုင်းစာရေးဆရာတစ်ယောက်ပဲ...Dear Home ဆိုတဲ့စာအုပ်နဲ့နာမည်ကြီးသွားတယ်။ သူရေးတဲ့အကြောင်းအရာတွေက အရမ်းထူးဆန်းလွန်းတယ်။
ဘာပဲဖြစ်ဖြစ်သူသဘောကျတဲ့စာရေးခြင်း
အလုပ်ကိုဆက်လုပ်နေတယ်ဆိုတော့ သူအတွက် Key to Happiness ပဲလေ"ငါနဲ့ကန်တင်းကိုခနသွားရအောင် ငါ ဒိန်ချဉ် ဘူး သောက်ချင်တယ်"
"ကောင်းပြီ သွားကြမယ်"
ဖတ်လက်စ စာအုပ်ကိုပိတ်ကာ
သူနဲ့အတူ ကန်တင်းကိုထွက်လာလေသည်။
သို့သော် ကန်တင်းကိုသွားမည့်လမ်းတွင်လမ်းပိတ်နေသဖြင့် လူအုပ်ကြားထဲကိုတိုးဝင်ကာဖြတ်သွားလေသည်။
YOU ARE READING
ငါ့ရဲ့EXက အရင်ဘဝက ငါ့ယောကျ်ားဖြစ်ခဲ့ဖူးတယ်
AksiyonSystem F**k you - Season 2 (Rewriting)