...အချစ်ဆုံးသူငယ်ချင်းအဲ့ဒီ့အဓိပ္ပါယ်ကိုမင်းတို့သိလား...
...ငါကတော့အချစ်ဆုံးဆိုတာထက်ကိုပိုတဲ့သူငယ်ချင်းနှစ်ယောက်ရှိတယ်...
......
ကျောင်းတစ်ခု၌နေ့လယ်ထမင်းစားချိန်တွင်ဖြစ်သည်ကျောင်းသားကျောင်းသူများကစာသင်ခန်းထဲ၌ထမင်းစားနေကြသည် တချို့ကျောင်းသားကျောင်းသူများကိုတော့မုန့်စျေးတန်းတွင်မုန့်ဝယ်နေကြသည် ထိုအချိန်တွင်
ကျွန်တော်တို့၏ဇာတ်လိုက်ကျော်သုံးယောက်ကတော့'ဆုမြန်မြန်လာ နောက်ကျရင်နင်ကြိုက်တဲ့မုန့်ကုန်သွားလိမ့်မယ်'ဟုချစ်စုကရှေ့မှအမြန်သွားရင်းပြောလိုက်သည်
'ငါလည်းမြန်မြန်လျှောက်နေတာပဲအခုနောက်ပိုင်းလေ့ကျင့်ခန်းမလုပ်ဖြစ်တာနဲ့လူကလမ်းလျှောက်တာတောင်မောလာတယ်'
'အဲ့ဒါကြောင့်နင့်ကိုနေ့တိုင်းလေ့ကျင့်ခန်းလုပ်လို့ပြောတာပေါ့'
'အေးပါအမတော်ရယ်နင်သာအသိဆုံးပါ'
'နှစ်ယောက်သားစကားမများနဲ့တော့ရှေ့မှာနင်တို့အမေကြီးလာနေတယ်'
'ဆရာမကြီးမင်္ဂလာပါ'
'အေးအေး'
ကျောင်းအုပ်ဆရာမကြီးကခပ်လှမ်းလှမ်းရောက်သွားသောအခါ
'မအိနင်ဘာဝယ်မှာလဲ'
'အာလူးကြော်'
'မအိနေ့တိုင်းဒါဘဲစားနေ ဆီကြော်တွေကကျန်းမာရေးအတွက်မကောင်းဘူး'
'ကြိုက်တာကိုဘယ်လိုလုပ်ရမှာလဲလို့'
'ဆုနင်မအိကိုပြောမနေနဲ့နင်လည်းသူနဲ့အတူတူပဲ အားနေချိုချဥ်တွေဝယ်စား
ဆီးချိုဖြစ်လိမ့်မယ်နော်''မချစ်စုနင်လည်းအတူတူစားတာပဲဟာ'
'တော်ကြပါတော့ဟယ် ပြီးရင်အိမ်သာသွားရဦးမယ်လူရှင်းတုန်းသွားရမယ် နောက်မို့ဆိုကျောင်းတက်တာတောင် အိမ်သာဝင်လို့ရမှာမဟုတ်ဘူး'
'အိုကေ ငါချိုချဥ်သွားဝယ်ပြီ'
'ဆုချိုချဥ်တွေလျော့စား'
YOU ARE READING
ကျင့်ကြံရေးကမ္ဘာမှငါတို့ဘဝ(U/Z)