part 10 (တူမလေး) (မအိ)
ညအမှောင်တွင်မိုးများသည်းထန်စွာရွာနေသဖြင့်လမ်းပေါ်တွင်လူများကျဲပါးနေသည်လူတိုင်းကိုယ့်အိမ်ကိုယ့်ယာသို့ပြန်နေချိန်တွင်မိန်းမငယ်တစ်ယောက်ကမွေးကင်းစကလေးကိုချီကာမြောက်အရပ်သို့ခပ်သွက်သွက်သွားနေသောမြင်ကွင်းသည်အနည်းငယ်ထင်းထွက်နေသည်မှာအမှန်ပေ
သို့သော်လူတိုင်းသည်ကိုယ့်ကိစ္စကိုသာအာရုံထားကာသွားလာနေကြသည် သေချာကြည့်လျှင်မိန်းမငယ်၏ရင်ခွင်တွင်ပိုက်ထားသောကလေးငယ်က ငိုယိုခြင်းမရှိသည့်အပြင်တုပ်တုပ်တောင်မလှုပ်ချေထိုကလေး၏မျက်ဝန်းများကိုကြည့်ပါက ပျင်းရိခြင်းများသာရှိနေသည်
ထို့နောက်ထိုမိန်းမငယ်ကမြို့တော် နဲ့အတန်ငယ်ဝေးသောနေရာသို့ညတွင်းချင်းရောက်သွားလေသည်အမှန်ပါ ညတွင်းချင်းရောက်သွားခြင်းဖြစ်သည် ထိုမိန်းမငယ်သည်သာမန်လူမဟုတ်ချေ အခြေခံတည်ဆောက်ခြင်း ကျွမ်းကျင်သူအဆင့် တွင်ရှိသော ကျင့်ကြံသူပေါက်စဖြစ်လေသည်
ဟုတ်ပါသည်ထိုမိန်းမငယ်မှာကျားဖြူဂိုဏ်းနဝမတောင်အရှင်ကြင်ယာတော်ရဲ့အစေခံယန်ယန်ဖြစ်ပါတယ်ယန်ယန်သည်သူမစိတ်တိုင်းကျသောနေရာတစ်ခုတွင်ရွက်ဖျင်တဲထိုးကာ အိပ်စက်အနားယူရန်ပြင်လိုက်ပြီးမနက်ကျမှခရီးဆက်ရန်ပြင်လိုက်သည်
"မနက်ကျမှခရီးဆက်ရန်ကောင်းမယ်ညဘက်ဆိုရင်ဒီနေရာမှာဝံပုလွေတွေပေါတယ် ဟုတ်သား ကလေး ကို အစာခံဆေးတိုက်ရဦးမယ်"ဟုယန်ယန်ကတွေးလိုက်သည်
ယန်ယန်သည်သူ၏ခါးတွင်ချီထားသောအိတ်မှာအမဲရောင်ဆေးလုံးသေးသေးလေးများကိုထုတ်ကာဘူးသီးခြောက်ရေဘူးထဲသို့ဆေးလုံး၂လုံးခန့်ဖျော်ထည့်လိုက်သည်ထို့နောက်ကလေးငယ်အားထိုဆေးရည်များတိုက်လိုက်သည်
"အခုတော့ ဒီဟာဘဲသောက်ဦးနော် မနက်ဖြန်မမတို့ အခြေချဖို့နေရာရပြီဆိုတာနဲ့ နွားနို့တိုက်မယ်ဟုတ်ပြီးလား"
ယန်ယန်သည်မွေးကင်းစကလေးကစကားပြန်မပြောနိုင်မှန်းသိသော်လည်း အထီးကျန်သလိုခံစားရသဖြင့် တစ်ညလုံးကလေးငယ်အားသူမ၏ဘဝဇာတ်ကြောင်း
နှင့်ခံစားချက်များအားရင့်ဖွင့်ခဲ့သည်
YOU ARE READING
ကျင့်ကြံရေးကမ္ဘာမှငါတို့ဘဝ(U/Z)