part 2

388 15 0
                                    

part 2 (ထူးခြားသော)(ဆု)

'ဟိုမှာတွေ့လား အဲ့ဒီ့အခန်းထဲမင်းဝင်သွား
ကြိုက်တဲ့တစ်ခုပြန်ယူခဲ့ မှတ်ထားတစ်ခုထက်ပိုပြီးမယူနဲ့ နားလည်လား'ဟုအဖိုးအိုက အနက်ရောင်သံတံခါးကိုညွှန်ပြလိုက်သည်

'ဟုတ်'

ဆုသည် ဖန်ဆင်းရှင် အဖိုးညွှန်ပြသည့်သံတံခါးဆီသို့ရောက်သွားသောအခါ

'ဖွင့်လိုက် ဘာအန္တရာယ်မှမရှိ​ဘူး'

သံတံခါးသည်အလွန်လေး၍ဆုသည်တံခါးဖွင့်ရန်အချိန်အနည်းငယ်ယူလိုက်ရသည်

ကျွီ

သံတံခါးအထဲတွင်အရှေ့တိုင်းနဂါးမင်းပုံများ၊
အရောင်တောက်ပ၍အလင်းများဖြာထွက်နေတာဓာတ်လုံးများ၊ ဓား ၊လေးအစရှိတဲ့လက်နက်များ ၊ပန်းချီကားများ ၊စာလိပ်များ၊ရုပ်ထုများဖြင့်ပြည့်နေသောကြောင့်ဆုသည်ရုတ်တရက်မှင်သက်သွားမိသည်

'မင်းကြိုက်တာသေချာစဥ်းစားပြီးရွေးလိုက်
ပြီးရင်ငါ့ကိုလှမ်းခေါ်လိုက် ဟုတ်ပြီလား'ဟုပြောပြီးအဖိုးအိုကရုတ်တရက်အငွေ့အဖြစ်ပြောင်းကာပျောက်သွားသည်

'ဟုတ်'

"ဒီအခန်းထဲမှာရတနာတွေအများကြီးဘဲဒါပေမယ့်ဝါရင့်ရှန်းရှဝတ္ထုဖတ်သူတစ်ယောက်အနေနဲ့ဆိုရင်ငါသေချာပေါက်ပြောနိုင်တယ် ငါကျင့်ကြံရေး ကမ္ဘာကိုသွားရမှာ ဒီရတနာတွေကရှန်းရှသိုင်းစာစဥ်ထဲက ရတနာတွေနဲ့တူတယ် "

"ငါဓားတို့လက်နက်တို့ရွေးလို့မဖြစ်ဘူးတော်ကြာငါဝင်စားတာက မကျင့်ကြံနိုင်တဲ့အမှိုက်ဆို ငါကကောက်ရိုးပုံစောင့်တဲ့ခွေးလိုမျိုးဖြစ်သွားမယ် "

"ပန်းချီကားတွေကလည်းငါသိရသလောက်ဆို အစစ်အမှန်ကျင့်ကြံရေးနည်းပညာတွေထည့်ထားတာဖြစ်လောက်တယ် ပန်းချီကားကိုလိုချင်ပေမယ့် ရပြီးသွားရင်ပန်းချီကားကိုစိုက်ကြည့်ပြီးကျင့်ကြံရမှာ ပြီးတော့ပညာရှင်တစ်ယောက်ကတွေ့သွားရင်ငါတောင်ဘာမှမလုပ်သေးခင် ငါကိုသတ်သွားမှာကျန်တဲ့အိုးတွေခွက်တွေကဘာတွေမှန်းမသိတော့မယူတာကောင်းပါတယ်

နောက်ဆုံးဖြစ်နိုင်ချေကဓာတ်လုံးတွေဘဲ
ပြဿနာကဓာတ်လုံးကအရောင်တွေကွဲနေတယ် အနီဆိုမီး အပြာဆိုရေ အဲ့လိုသတ်မှတ်လား မသိဘူးဒါပေမယ့်အဲ့လိုသတ်မှတ်မဟုတ်ဘူးဆိုရင် ဘယ်လို...."

ကျင့်ကြံရေးကမ္ဘာမှငါတို့ဘဝ(U/Z)Where stories live. Discover now