part 20 (ငွေနဲ့ဘဝ) (ဆု[ဝမ်ရှင်းမန်])
ဒီကမ္ဘာမှာ တရုတ်ဇာတ်ကားတွေ သိုင်းဝတ္ထုတွေမှာတွေ့ရတဲ့ငွေတုံး ရွှေချောင်း ကြေးပြား စတဲ့အရာတွေကိုငွေကြေးအဖြစ်အသုံးပြုတယ်ပမာဏများပြားတဲ့ငွေကိုတော့ ချက်လက်မှတ်နဲ့အသုံးပြုတယ်
ယွီရှင်းမန် ဟာအစကငွေကိုလွယ်လွယ်နဲ့ရှာလို့ရမယ်ထင်နေတာဖြစ်တယ် သာမန်လူ
၃နှစ်အရွယ်ကလေးတစ်ယောက်အနေနဲ့ဒီကမ္ဘာမှာလုပ်နိုင်တဲ့အရာဟာအိမ်မှုကိစ္စနဲ့စျေးကူရောင်းခြင်းဘဲရှိလေတယ်ငါ့က ကျင့်ကြံနိုင်တယ်ဆိုပေမယ့် ကျင့်ကြံနိုင်တာကိုထုတ်ပြလို့လည်းမရဘူး တခြားကူးပြောင်းတဲ့သူတွေလို ဟင်းချက်တာတို့ ဆေးကုတာတို့လည်းမလုပ်တတ်ဘူး
ငါလုပ်နိုင်မှာဆိုလို့ ဆေးဖော်တာဘဲရှိတာ ဆေးဖော်ဖို့ကလဲ ဆေးပင်တွေဝယ်ပြီးလမ်းညွှန်ပေးမယ့်ဆရာလည်းလိုသေးတယ်
ဟူးးး ဒီထက်ပိုပြီးအိမ်တွင်းအောင်းလို့မဖြစ်တော့ဘူး ဒီကျင့်ကြံရေးကမ္ဘာကအဓိကဇာတ်လိုက်တွေကိုကံကောင်းခြင်းတွေပေးထားတာ ငါ့လိုအဓိကဇာတ်လိုက်မဟုတ်တဲ့သူက ကံကောင်းခြင်းကိုထိုင်စောင့်နေလို့မဖြစ်တော့ဘူး ကံကောင်းခြင်းကိုကိုယ်တိုင်ဖန်တီးမှရတော့မယ်
"မေမေ သမီးဒီနေ့အပြင်မှာလျှောက်လည်လို့ရလားဟင် မမကြီးကိုခေါ်သွားမယ်လေ"
"ရတယ်လေ ညစာမတိုင်ခင်တော့ပြန်ခဲ့နော်
သမီးကြီးရေ သမီးညီမလေးကိုသေချာဂရု
စိုက်ဦး ""ဟုတ်မေမေ ရှင်းမန် ညီမလေးဘယ်သွားချင်လဲ"
"ကြိုးဖြူစျေး ကိုကြီးပေါက်စီပြောတာ
အဲ့မှာစျေးရောင်းပွဲတော်ကျင်းပနေတယ်တဲ့""ညီမလေးကို အကိုပေါက်စီနဲ့ရင်းနှီးတာလား"
"ဟုတ်တယ်လေဘာဖြစ်လို့လဲ"
"ဟို ဟိုဟာ ဘာမှမဖြစ်ပါဘူးဒီတိုင်းသိချင်လို့"
'အမကြီးရေ ရှင့်မျက်နှာတစ်ခုလုံးကနီရဲနေပြီကို ဘာမှမဖြစ်ပါဘူးတဲ့လား ရှင့်အကြိုက်က နည်းနည်းထူးဆန်းတာဘဲ ပြီးတော့ရှင့်အသက်က ၁၃ဘဲ ရှိသေးတာကိုသတိရပါဦး'
YOU ARE READING
ကျင့်ကြံရေးကမ္ဘာမှငါတို့ဘဝ(U/Z)