part 1

452 13 0
                                    

part 1 (ဖန်ဆင်းရှင်)(ဆု)

'မင်းနာမည်ကဆုနော်ဟုတ်တယ်မလား'

'အဖိုးရှင်ဘယ်သူလဲ ကျွန်မကိုဘယ်လိုလုပ်သိ'....

"ဟင်ခုနလေးတင်မှငါအိမ်သာထဲမှာလေ"

ဆုသည်ခုနကမှသူမအိမ်သာထဲ၌ခေါင်းမူးပြီးလဲကျသွားသည်ကိုသတိရမိလိုက်သည်ထို့နောက် တစ်နေရာလုံးအဖြူရောင်ဟင်းလင်းပြင်ဖြစ်နေသောထူးဆန်းသောနေရာ၌ရောက်နေသည်ကိုသိလိုက်ရသည်သူမရှေ့တွင်တစ်ကိုယ်လုံးအဖြူရောင်ဝတ်ထားသောအဖိုးကြီးတစ်ယောက်ကိုတွေ့လိုက်ရသည်

'ငါဖန်ဆင်းရှင်း၁၀ယောက်ထဲက၅ယောက်မြောက်ဘဲ ငါ့မှာအမည်နာမမရှိဘူး '

'လူသားတွေကတော့ငါ့ကို နတ်ဘုရား ဖန်ဆင်းရှင် ဘုရားသခင် ကယ်တင်ရှင်စတဲ့နာမည်တွေနဲ့ခေါ်ကြတယ်'

'ကဲငါပြောတဲ့စကားပြန်ဆက်ရအောင်မင်းကအသက်၁၆နှစ်မှာသေ သွားတယ်ဟုတ်တယ်မလား'

'​ကျွန်မသေသွားတာလား'

သေဆိုသည့်စကားလုံးကြောင့်ဆုကသူမစိတ်သည်ချောက်ကမ်းအစွန်မှပြုတ်ကျသွားသလိုခံစားလိုက်ရသည် သူမသည်အခုမှ၁၆နှစ်သာရှိသေး၍လောကကြီးတစ်ခုလုံးကိုမတွေ့မြင်ရသေးပေ ဤသည်မှာငှက်ပေါက်လေးသည်အတောင်ပေါက်၍အပျံ
သင်ခါနီးအချိန်တွင် အပျံမသင်ရသေးခင်သစ်ပင်ပေါ်မှပြုတ်ကျပြီးသေသွားသလိုခံစားချက်ပင်

'အေးလေ'ဟုအဖိုးအိုဖြေလိုက်သည်

"မဖြစ်ဘူး ငါ့မိဘတွေရှိသေးတယ် ငါကတစ်ဦးတည်းသောသမီးလေ ငါ့အမေဆိုရောဂါတွေအများကြီးဘဲအမျိုးတွေကလည်းတစ်ယောက်မှမကောင်းဘူး ငါ့မိဘတွေကိုဘယ်သူကဆေးကုပေးမှာလဲ ရှာကျွေးမှာလဲ"

သူမမိသားစုအကြောင်းသူမသာအသိဆုံးဖြစ်သည်ဆွေမျိုးများမှာ အတ္တဆန်ကာတစ်ကိုယ်ကောင်းဆန်သောသူများပင် ပိုက်ဆံအာဏာရှိသောသူများဖြစ်သော်လည်းသူတို့ကိုမြှောက်ပင့်မှကြိုက်သောသူများဖြစ်ပေသည်

သူမတို့မိသားစုကလည်းချမ်းသာသည့်အထဲတွင်မပါပေ အကြွေးများရှိသာမန်မိသားစုသာဖြစ်သည်သူမအဖေကလည်းစီးပွားရေးလုပ်သမျှရှုံးတတ်ပြီးအမေက ရောဂါသည်တစ်ယောက်ပင် သာယာသောအိမ်ထောင်ရေးလည်းမရှိချေ ထို့သို့သောမိသားစုတွင်ကြီးပြင်းလာသောဆုက ငယ်ငယ်ကတည်းပိုက်ဆံမက်ခဲ့သည်

ကျင့်ကြံရေးကမ္ဘာမှငါတို့ဘဝ(U/Z)Where stories live. Discover now