part 18 (ချီသိုလှောင်ခြင်း)(ဆု[ဝမ်ရှင်းမန်] )
ရှင်းမန်အိမ်အသစ်သို့ပြောင်းပြီး၍ဤမြို့၌အခြေချနေသည်မှာ၃လကျော်
ပြီဖြစ်သည်လီလီတို့မိသားစုတွင် အမေကြီးက
မနက်တိုင်းအဝတ်လျှော်သည့်အလုပ်ကိုလုပ်သည် လီလီကပန်းနံ့သာစံအိမ်တွင်လင်းလင်းအားခစားရပြီး ထိုတွင်သာညအိပ်ရသည်
တစ်ပတ်တစ်ခါတော့အိမ်ပြန်လာ၍ရှင်းမန်၏အခြေအနေအားလာလာကြည့်သည်ကျန်သောမောင်နှမများကအိမ်မှုကိစ္စတာဝန်ယူရပြီးရှင်းမန်အားထိန်းရသည် ဝိဥာဥ်သက်တမ်း၁၆နှစ်ပြီဖြစ်သောရှင်းမန်အား
သိပ်မထိန်းရချေ ရှင်းမန်တောင်ထိုကလေးများ၏အိမ်အလုပ်လုပ်နိုင်စွမ်းကိုကြည့်ပြီး
အံသြ သွားသည်၂၁ရာစုကလာသောလက်ကြောမတင်း
သည့်လူငယ်ဖြစ်တဲ့ရှင်းမန်ကထိုကလေးများ၏သိတတ်မှုကိုကြည့်ပြီးအနည်းငယ်ရှက်မိသွားသည် အရင်ဘဝကအိမ်ရှင်မဖြစ်သောအမေ့ကိုလည်းအားနာမိသွားသည်သူမသာ အချိန်နောက်ပြန်ဆုတ်နိုင်ရင်အမေအားနားနားနေနေ နေစေကာသူမသာ အိမ်အလုပ်များကိုသိမ်းကျုံးလုပ်မည်ဖြစ်သည်
သို့သော်အရာအားလုံးမှာနောက်ကျသွားခဲ့ပြီဖြစ်သည်သူမကသေပြီးလို့နောက်ဘဝတောင်ရောက်နေပြီဖြစ်သည်ရှင်းမန်ဟာနေ့ရက်တိုင်းကိုမွေးကင်းစကလေးတစ်ယောက်အနေနဲ့ပျင်းရိစွာဖြတ်သန်းပြီးသူမကျင့်ကြံရန်အသက်၆လပြည့်သည်အထိစောင့်နေလေတယ်
ဤကမ္ဘာမှာနာရီ ပြက္ခဒိန်များသည်ကျင့်ကြံသူများသာသုံးနိုင်သောဇိမ်ခံပစ္စည်းဖြစ်သည် ထို့ကြောင့်သဘာဝကျစွာပင်သူမ၏အိမ်တွင်ထိုအရာများမရှိချေရှင်းမန်သည်သူမ၏မှတ်ဥာဏ်ကိုသုံး၍ရက်မည်မျှရှိပြီကိုရေတွက်ရသည်
သူမအသက်ရက်၁၀၀ပြည့်ပြီဖြစ်သောကြောင့်ရက်၁၀၀ပြည့်မွေးနေ့ကိုပွဲသေးသေးလုပ်ကာကျင်းပလိုက်သည်
ပုံမှန်အားဖြင့်ဤကမ္ဘာတွင်အောက်ခြေလူတန်းစားများကကလေး၏မွေးနေ့ပွဲကိုကျင်းပပေးလေ့မရှိပေပိုက်ဆံရှိသောသူများသာမွေးနေ့ပွဲကျင်းပကြသည် ရှင်းမန်မှာ
ပြည့်တန်ဆာကမွေးတာကိုမည်သူမျှမသိချေ အိမ်အနီးတွင်စားသောက်ဆိုင်နှင့်အထည်ဆိုင်များသာရှိပြီးဆိုင်ပိတ်ချိန်ရောက်လျှင်
ကိုယ့်အိမ်ပြန်အိပ်ကြကာနေ့လယ်ဘက်တွင်လည်းအလုပ်ရှုပ်နေကြသဖြင့်တကူးတကစပ်စုကာလာမေးမည့်အိမ်နီးချင်းများမရှိချေ
YOU ARE READING
ကျင့်ကြံရေးကမ္ဘာမှငါတို့ဘဝ(U/Z)