part 9 (အမှိုက်လား) (မအိ)
အူဝဲ အူဝဲ...
မအိသည်သူ၏ခန္ဓာကိုယ်တစ်ခုလုံးလှုပ်ရမ်းနေသလိုခံစားလိုက်ရသဖြင့်
'အား မျက်စိကိုအလင်းစူးလိုက်တာ ကြည့်ရတာငါမွေးပြီးပြီထင်တယ် '
"အရှင်မ ဂုဏ်ယူပါတယ် ကျန်းမာတဲ့မိန်းကလေးပါ"ဟု မိန်းကလေးအစေခံကပျော်ရွှင်စွာပြောလိုက်သည်
ထိုအချိန်တွင် ဆံပင်အဖြူရောင်နှင့်နတ်သမီးတမျှ လှပသည့်အရှိန်အဝါဖြင့်အမျိုးသမီးက
အစေခံလက်ထဲမှကလေးကိုလှမ်းယူရန်လက်ဆန့်လိုက်သည်"ပြပါဦး ငါ့ရဲ့သမီးလေးကို " ထိုအမျိုးသမီးသည်ကလေးငယ်အားချစ်ခင်ကြင်နာစွာ
ကြည့်လိုက်သည်"ချစ်စရာကောင်းလိုက်တာ သူမလေးကတကယ်တော်တဲ့ကျင့်ကြံသူဖြစ်လာမှာသေချာတယ်"ဟုအမျိုးသမီးက ယုံကြည်ချက်အပြည့်နှင့်ပြောလိုက်သည်
ထိုအချိန်တွင် ဆံပင်အနီရောင်နှင့် ခန့်ညားလှသောအမျိုးသားက တံခါးကိုဖွင့်ကာအခန်းထဲသို့ဝင်လာပြီး
"မိန်းမ မင်းမှန်တယ်အဆုံးမှာတော့သူမကငါတို့ရဲ့သမီးဘဲလေ သူမမှာသေချာပေါက်အဆုံးမရှိတဲ့ပါရမီရှင်ဖြစ်လာလိမ့်မယ်"ဟု ထိုအမျိုးသမီးအားထောက်ခံသည့်လေသံ
ဖြင့်ပြောလိုက်သည်"သူမလေးကမင်းနဲ့တူတာပဲ မင်းလိုလှပထက်မြက်တဲ့မိန်းမပျိုလေးဖြစ်လာမှာပါ"ဟု
ပြောပြီးအမျိုးသမီးအားအလွန်ချစ်ခင်ယုယသောအကြည့်ဖြင့်ပြောလိုက်သည်"အရှင်နဲ့အရှင်မ ပြောတာမှန်တာပေါ့သခင်မလေးရဲ့မျက်နှာကအေးချမ်းနေရော အစွမ်းထက်တဲ့ကျင့်ကြံသူဖြစ်လာမှာပါ"ဟုအစေခံမလေးကထောက်ခံလိုက်သည်
'ဒီလူတွေ ငါအခုမှမွေးတာကိုတော်တော်ကြီး
မျှော်လင့်ချက်ထားနေကြတာပဲ'ဟုမအိကစိတ်ပျက်စွာတွေးမိလိုက်သည်"ယောက်ျားကျွန်မတို့ကလေးကိုနာမည်ပေးပေးပါဦး"ဟုအမျိုးသမီးက ပြောလိုက်သည်
"သူမကိုလီဖုလူလို့ခေါ်မယ်"
"ကောင်းသားပဲ သမီးလေး သမီးနာမည်ကလီဖုလူနော် "ဟုအမျိုးသမီးက ကလေးကိုကျီစယ်ရင်းပြောလိုက်သည်
YOU ARE READING
ကျင့်ကြံရေးကမ္ဘာမှငါတို့ဘဝ(U/Z)