part 3

382 14 0
                                    

part 3 (နူးညံ့သိမ်မွေ့သောနှလုံးသား) (ဆု)

'သခင်မ အဲ့လိုမပြောပါနဲ့ ပြီးတော့ ဘွားဘွားကြီးကြားသွားရင်'ဟုမိန်းကလေးကစိုးရိမ်သောလေသံဖြင့်ပြောလိုက်သည်

'သူမကြားပါလောက်ပါဘူး ဒီအချိန်ဆိုစံအိမ်မှာငွေတုံးတွေရေတွက်ပြီးပျော်နေမှာ'

"ဘွားဘွားကြီး ကြားရသလောက်သူကဒီအိမ်မှာအာဏာကြီးတဲ့လူဘဲဖြစ်မယ် "ဟုဆုတွေးလိုက်မိသည်

"ငါခြေလက်တွေတော့ရုပ်လုံးပေါ်နေပြီတချို့
စီနီယာကူးပြောင်းသူတွေဆိုသန္ဓေသား
အဆင့်ထဲက ကျင့်ကြံလို့ရပြီ ငါလည်းစမ်း
ကြည့်ရမယ်"

"ဒါပေမယ့် ဘယ်လိုလုပ်ရမှာလဲ"

"ငါဟာလေရှန်းရှစာစဥ်တွေကိုအသေးစိတ်ဖတ်ခဲ့သင့်တာအခုတော့ ဘယ်လိုကျင့်ကြံရမှာလဲအခန်းကျော်ဖတ်ခဲ့တဲ့အကျိုးတွေပါလား"

ဆုသည်အရင်ဘဝကသူမသည်
သိုင်းဝတ္ထုများကိုအမြဲဖတ်သော်လည်း တချို့နေရာများကိုစိတ်မရှည်သဖြင့်ကျော်ကျော်ဖတ်ခဲ့သည်

'ကလေးမ ဟေ့မင်းစကားပြောလို့မရဘူးမလားစိတ်ကနေလှမ်းပြောလိုက်'

ဆုသည် ဖန်ဆင်းရှင် အဖိုး၏အသံကိုရုတ်တရက်ကြားလိုက်ရသဖြင့်လန့်သွားမိသည်

'ဟင်အဖိုးရှင်ကဘယ်လိုလုပ်ရောက်လာတာလဲ'ဟုဆုကစိတ်ကနေလှမ်းဆက်သွယ်လိုက်သည်

'ခုနတုန်းကကိစ္စအတွက်မင်းကိုတောင်းပန်ချင်လို့ ပြီးတော့အခုငါကစိတ်ဝိဥာဏ်ပုံရိပ်ယောင်သက်သက်ပဲ မင်းမမွေးဖွားခင်အထိလုံခြုံအောင် ပြီးတော့ မင်းမေးချင်တာ ဆက်မေးလို့ရအောင် ငါမင်းနဲ့ထည့်ပေးလိုက်တာ
မင်းမွေးဖွားပြီးတာနဲ့ဒီပုံရိပ်ယောင်ကပျောက်ကွယ်သွားမှာ'

'တော်သေးတာပေါ့ရှင်ကစဥ်းစားတွေးခေါ်တတ်လို့ကျွန်မမှာမေးစရာတပုံကြီးကျန်သေးတယ်'

အမှန်ပင်ဆုမှာမေးစရာမေးခွန်းများကျန်နေသေးသည် အစကသူမမှာဘာမှန်းမသိသော
ကမ္ဘာကအကြောင်းတွေကိုမသိသဖြင့်ကမ္ဘာအသစ်တွင်ယောင်ချာချာဖြစ်နေတော့မည်ဟုထင်လိုက်မိသည်အခုအဖိုးအို၏ပုံရိပ်ယောင်ရောက်လာခြင်းကြောင့်စိတ်ပူမှုများမရှိတော့ချေ

ကျင့်ကြံရေးကမ္ဘာမှငါတို့ဘဝ(U/Z)Where stories live. Discover now