(I'm back after 11 months!! Do you guys still remember?)
သူတို့ရဲ့စကားပြောခြင်းခေါ်မလား ဂျယ်မင်းရဲ့တစ်ဖက်သက် ရန်ဖြစ်ခြင်းလို့ပြောရမလား မရေရာတဲ့ စကားပြောခြင်းအဆုံးသတ်မှာ ဂျဲနိုကထွက်သွားပြီး သူ့တိုက်ခန်းမှာပဲပြန်သွားအိပ်တယ်။
ပစ်ချထားခံရတဲ့ ဂျယ်မင်းကို အတွေးတွေကသတ်နေမလား၊ ထိုးနှက်နေမလား သူဂရုမစိုက်ဘူး။
အကြောင်းပြချက် ရေရေရာရာသာပေးခဲ့ရင် ပြေလည်သွားနိုင်မယ့် အခြေအနေကိုဂျဲနိုက ငြင်းဆန်ပြီးနှုတ်ဆိတ်နေခြင်းကိုသာ ရွေးချယ်ခဲ့တယ်။
နာပါသည်၊ ရင်ဘတ်ကြီးတစ်ခုလုံးတင်မက နှလုံးသားရဲ့အစွန်အဖျားထိကပါ လျစ်လျူရှုခံရတဲ့ ခံစားချက်တွေက ဒဏ်ရာတွေပေးတဲ့ ဆူးတစ်ချောင်းအဖြစ်ပြောင်းလဲသွားတယ် ထင်မိတဲ့ထိ နှိပ်စက်ခံခဲ့ရပါသည်။
နောက်တစ်ရက် မနက်ရောက်တော့ ကျောင်းမသွားခင် ဂျဲနိုရဲ့အခန်းကိုကြည့်မိပေမယ့် လူရှိတဲ့ပုံလည်းပေါ်မနေတာကြောင့် ကျောင်းသွားပြီလို့သာဂျယ်မင်းမှတ်ယူလိုက်သည်။
အင်းလေ သူတို့မှမခေါ်ကြပဲ၊ ဂျယ်မင်းကို သူကပစ်ထားနေကြပဲ။
အသားမကျသေးတဲ့ တစ်ယောက်တည်းလှမ်းနေရတဲ့ခြေလှမ်းတွေဟာ လေးလံနေပြီး အရိပ်တစ်ခုတည်းမြင်ရတဲ့ မျက်ဝန်းတွေကလည်း မျက်ရည်အံကျလာခဲ့သည်။
ပျော့ညံ့လိုက်တာ နာဂျယ်မင်း
သူသဘောကျရတဲ့လူက အီဂျဲနိုပါဆိုတဲ့ အမှန်တရားကိုငြင်းဆန်ပြီး ပျော်ရွှင်ခဲ့မိပုံများ...တကယ်ဆို ဂျဲနိုဘက်ကသာ မနက်လာခေါ်ရင် သူမငြင်းဆန်ပဲလိုက်သွားမိမှာပါ အခုတော့ဂျဲနိုကထပ်ပြီးလွှတ်ချခဲ့ပြန်ပြီ။
"ဂျယ်မင်းမလားဟင်"
ကန်တင်းမှာထိုင်နေတုန်း နာမည်ခေါ်လာတာမလို့ မော့ကြည့်မိသည်။ တကယ်ဆိုဂျယ်မင်းက ကျောင်းမှာအသိရယ်လို့မရှိ ဂျဲနိုကလွဲလို့ပေါ့
"ဟုတ်ပါတယ်ဗျ ဘယ်သူများလဲနော်"
"ကိုယ့်နာမည်က ဟျွန်းမင်းပါ။ မင်းကတော့သိလောက်မယ်မထင်ဘူး"