"စီးကရက်တွေအစား ငါ့ကိုစွဲလမ်းပေးပါဂျဲနို"
"ဂျယ်မင်း မင်းအခုလိုမလုပ်ခဲ့သင့်ဘူး"
ဂျဲနိုရဲ့စကားကြောင့် ဂျယ်မင်းရဲ့စိတ်အစုံက ထိုးကျသွားခဲ့ရသည်။
အဲ့နေ့ကအဖြစ်အပျက်လေးကတော့ ဒီတိုင်းလေပေါ်မှာပျောက်ကွယ်သွားတာပါပဲ။ ဒါပေမယ့်နောက်ရက်တွေမှာကျောင်းသွားဖို့အခန်းရှေ့လာစောင့်နေတဲ့ဂျဲနိုကဂျယ်မင်းကမခေါ်တော့ဘူး။
အရင်လိုကျောင်းကနေတူတူမပြန်ကြတော့ဘူး။
အရင်ကလို ညစာအတူတူမစားကြတော့ဘူး။
ဂျဲနိုဘက်ကအရင်လိုပဲဖြစ်နေပေမယ့် ဂျယ်မင်းဘက်က ခံစားချက်တွေအရင်လိုမဟုတ်တော့ဘူး။တစ်ချို့သောမစမ်းသပ်သင့်တဲ့အရာတွေကို လက်တည့်စမ်းမိရင်နာကျင်ရတယ်၊ စွဲလမ်းရတယ်တဲ့။
အဲ့အရာတွေက အရက်၊ဆေးလိပ်၊မူးယစ်ဆေးဝါးတွေပဲမဟုတ်ကြောင်း ဂျယ်မင်းလက်ခံလာနိုင်ခဲ့တယ်။လျစ်လျူရှုနေပေမယ့် အသံကြားရင်လက်ဖျားထိပ်ကလေးတွေဆစ်ခနဲနာသွားသလိုခံစားမှုဖြစ်လောက်တဲ့ထိ စွဲလမ်းခဲ့လို့ နာကျင်မှုကထောင်သောင်းမကချီတယ်။
မလုပ်ခဲ့သင့်ဘူးဆိုတဲ့စကားရဲ့အနက်အဓိပ္ပာယ်ကိုဂျဲနိုသိတယ်။
စွဲလမ်းတယ်ဆိုတာ သက်မဲ့အရာတွေအပေါ်မှာပဲကောင်းတာ။ သက်မဲ့အရာတောင်ကိုယ်ပိုင်ဆိုင်တယ်လိုသတ်မှတ်ထားတဲ့အရာတွေပေါ်မှာပဲ။
အသက်ရှင်နေတဲ့အရာတစ်ခုကိုစွဲလမ်းရတာပင်ပန်းတယ်။ သစ်ပင်လေးကိုစွဲလမ်းမိရင်တောင် အဲ့သစ်ပင်လေးတစ်ခုခုဖြစ်သွားရင်တောင်ကိုယ်ကနာကျင်ရသေးတာပဲ…
မလုပ်ရဘူးနဲ့မလုပ်သင့်ဘူးဆိုတဲ့အဓိပ္ပာယ်က အဲ့မှာကွဲတယ်။ ဒါကို ကိုယ့်ဂျယ်မင်းကနားလည်မှာပါ။
"ဂျယ်မင်း"
နာမည်ခေါ်တာကြားပေမယ့်လှည့်မကြည့်ပဲအခန်းထဲဝင်သွားတဲ့ဂျယ်မင်းကကိုယ့်ကိုစိတ်ဆိုးနေတာပါ ဟုတ်တယ်မလား။
"ဂျယ်မင်း ကိုယ်နဲ့စကားသေချာပြောရအောင်"
ဒီတစ်ခါတော့ဂျယ်မင်းက သူ့ဘက်ကိုလှည်ကြည့်လာတယ်။ကိုယ်ပြောတာနားထောင်ပြီးရင်တော့ ဂျယ်မင်းစိတ်ပြေသွားမှာပါ။
