"ကျောင်းပိတ်ရက်ပြန်မလာဘူးလား ဂျယ်မင်းနီး"
"စဉ်းစားလိုက်ပါ့မယ်"
"ငါတို့ကလေးလေးကြိုက်တဲ့ဟင်းတွေအများကြီးချက်ထားမလို့ ဆက်ဆက်ပြန်လာ"
တစ်ဖက်က စကားတောင်မဆုံးသေးပဲ ဂျယ်မင်းကတော့ဖုန်းချပစ်လိုက်သည်။ သူတို့ရဲ့အချစ်ဆိုတာ ချုပ်ခြယ်ခြင်းလား ?
အသက်ပြည့်ပြီးသားလူငယ်တစ်ယောက် အိမ်ခွဲနေဖို့အတွက်တောင် အတိုက်အခံအကြာကြီးလုပ်ခဲ့ရပြီး တက္ကသိုလ်တက်ခါနီးမှသာ ဆုံးဖြတ်ချပြီးသားလူတစ်ယောက်အနေနဲ့ပြောမှသာ လက်ခံခဲ့သည်။
အဆုံးမရှိတဲ့ ချုပ်ခြယ်မှုတွေ၊ လွှမ်းမိုးမှုတွေ၊ အသိုင်းအဝိုင်းတွေကနေ လွတ်မြောက်ဖို့က ဂျယ်မင်းရဲ့အိပ်မက်ပဲ။
လိမ္မာသင့်သလောက်လိမ္မာခဲ့တဲ့လူငယ်တစ်ယောက်က သူ့ရဲ့အိမ်မက်တွေရိုက်ချိုးခံခဲ့ရပြီး "ဂျယ်မင်းနီးအတွက်ပါ" လို့ခေါင်းစဉ်တပ်လိုက်တဲ့အချစ်မျိုးက မွန်းကြပ်စရာကောင်းလွန်းသည်။
သူများတွေအတွက် အချစ်ခံရဖို့မျှော်လင့်ခဲ့တာမျိုးပဲရှိခဲ့ပေမယ့် သူ့အတွက်တော့ ဒီလိုအချစ်မျိုးက အဆိပ်အတောက်တစ်ခုထပ်တော့မပိုပေ။
"ဘာဖြစ်လို့လဲ မျက်နှာမကောင်းပါလား ကိုယ့်ကလေးလေး"
ပိတ်ရက်ဖြစ်လို့ သူတို့အခန်းထဲမှာပဲတူတူရှိပေမယ့် ရေချိုးနေတဲ့ဂျဲနိုကတော့ ဘာမှမကြားလိုက်ပေ။
"ပြီးရင် လမ်းလျောက်ထွက်ကြမလား"
ညနေစောင်းအချိန်လေးမှာ သူတို့လမ်းလျောက်ထွက်လာကြပြန်တယ်။
ဒီနေရာ၊ ဒီခြေလှမ်း၊ ဒီလူ
အကြိမ်ကြိမ်တူညီနေပေမယ့်လည်း ခံစားချက်တွေကအမြဲမတူညီခဲ့တာမျိုး။ဒီစတိုးဆိုင်သွားတဲ့လမ်းမှာ သူတို့စကားပြောခဲ့ဖူးတယ်။ နမ်းခဲ့ဖူးတယ်။ တစ်ဖက်သက်စိတ်ဆိုးခဲ့ကြဖူးတယ်။ ဝေးခဲ့မလိုဖြစ်ခဲ့ပြီး ပြန်နီးခဲ့ကြဖူးတယ်။
အမှတ်တရလို့သတ်မှတ်ယူလို့မရပဲ ဒီလူဖြစ်နေလို့ကိုရင်ထဲထိ သံမှိုဆွဲနေသလိုထင်နေတဲ့အရိပ်အယောင်တွေက သိပ်ကိုအုံ့မှိုင်းလွန်းလို့ ဆေးရောင်တွေတောင် ထိုးမဖောက်နိုင်။
![](https://img.wattpad.com/cover/332935953-288-k730909.jpg)