"ဂျယ်မင်း"
"အင်း"
"ချစ်ဖို့ကောင်းတယ်"
အခိုက်အတန့်တွေကိုသာရပ်တန့်ထားနိုင်စွမ်းရှိရင် ဒီနေရာလေးမှာပဲရပ်နေချင်မိတယ်။
ခေါင်းမိုးထပ်ကလူနှစ်ယောက်က လနဲ့ကြယ်တွေရှိနေတဲ့ကောင်းကင်ကိုကြည့်နေကြတယ်။ တိတိကျကျပြောရရင်လူတစ်ယောက်တည်းကသာကြည့်နေခဲ့တာဖြစ်မယ်။ နောက်တစ်ယောက်က ကောင်းကင်ပေါ်မော့ကြည့်နေတဲ့တစ်စုံတစ်ယောက်ရဲ့မျက်ဝန်းတွေကိုပဲစိုက်ကြည့်နေခဲ့လို့လေ…
သူ့အတွက်လနဲ့ကြယ်၊ကောင်းကင်သာမက ကမ္ဘာတစ်ခုလုံးကိုပါမြင်နိုင်စေတဲ့မျက်ဝန်းတစ်စုံကိုငေးကြည့်နေရတာက ဂျဲနို့ဘဝအတွက်ပျော်ဖို့အကောင်းဆုံးအခိုက်အတန့်ပဲ။
"မအေးဘူးလား ဂျယ်မင်း"
"အွန်း နည်းနည်းတော့အေးတယ်"
နည်းနည်းအေးတယ်သာပြောတာ၊နှာခေါင်းလုံးလုံးလေးကရဲနေတာများ ယုန်ပေါက်စနလေးနဲ့တောင်တူနေပြီ။
"အောက်ပြန်ဆင်းကြမလား"
"နည်းနည်းထပ်နေချင်သေးတယ်"
"ထပ်ပြီးနေမကောင်းဖြစ်ရင်ဘယ်လိုလုပ်မလဲ ဂျယ်မင်းရယ်"
"အဲ့တာဆိုဖက်ထားပေး"
ပြန်အဖြေကိုတောင်မစောင့်ပဲရင်ခွင်ထဲတိုးဝင်တဲ့ ခွေးပေါက်စနလေး
"ကိုယ်မရှိတော့ရင်ဘယ်လိုလုပ်မလဲဂျယ်မင်းရယ်"
"ဘာလို့လဲ ငါ့ကိုစိတ်ကုန်သွားပြီလားဟင်"
နှစ်ယောက်လုံးတွဲတယ်ဆိုတဲ့စကားလုံးအောက်ထဲကျရောက်ခဲ့တာမှရက်ပိုင်း၊တိတိကျကျပြောရရင်တစ်ပတ်တည်းရှိပါသေးတယ် ဘယ်လိုစိတ်ကုန်ရမှာလဲ
"စိတ်မကုန်ပါဘူးကွာ ဒီတိုင်းမေးကြည့်တာ"
"မသိဘူး ဘာမှမခံစားရတာမျိုးလည်းဖြစ်နိုင်သလို အဆိုးဆုံးသတ်သေမိတာထိလည်းဖြစ်နိုင်တာပဲ ဘယ်အရာမှကြိုမမြင်ရဘူး"
"ဂျယ်မင်း အဲ့လိုစကားကိုလွယ်လွယ်မပြောနဲ့"
ရင်ခွင်ထဲကဂျယ်မင်းကို တွန်းထုတ်မိတဲ့ထိရင်ဘတ်တွေပူလောင်လာရတယ်။ အဲ့လိုစကားမျိုးဘယ်လိုများ လွယ်လွယ်ပြောနိုင်ရတာလဲ
![](https://img.wattpad.com/cover/332935953-288-k730909.jpg)