"ပျော်နေခဲ့လား နာဂျယ်မင်း"
ထင်ထားတဲ့အတိုင်း သူ့ရဲ့အဖေကအကုန်သိသွားခဲ့တာပဲ။
"အိမ်ကထွက်သွားတာ သူ့ကြောင့်လား"
"မဟုတ်ဘူး"
တကယ်လည်း ဂျယ်မင်းထွက်သွားတဲ့အကြောင်းအရင်းက ချစ်တယ်ဆိုပြီး ဝိုင်းနှစ်နေခဲ့ကြတဲ့ ဒီမိသားစုကနေ ဝေးချင်ခဲ့လို့သာ။
"အဲ့ကောင်လေးအကြောင်းဘာသိလို့လဲ"
ဂျယ်မင်းပြောစရာစကားတွေ အကုန်မဲ့တဲ့ထိ ဆွံအခဲ့ရသည်။ ဘာသိလဲတဲ့ – နာမည်ရယ်၊ အသက်ရယ်၊ ကျောင်းတူခဲ့တာရယ်ကလွဲပြီး သူသိတဲ့ဂျဲနိုအကြောင်းက မရှိဘူးပဲ။
"တစ်ကောင်ကြွက်၊ လူမိုက်"
"သူ့မိဘကတောင်ကိုယ်တိုင်စွန့်ပစ်ခဲ့တဲ့ထိ မကောင်းတဲ့ကောင်"
ဘာတွေပြောနေတာလဲ
ဂျဲနိုက ရန်ဖြစ်တတ်တဲ့သူမှန်းသိထားပေမယ့် သူ့မိဘကိုစွန့်ပစ်ခဲ့တယ်ဆိုတာဘာလဲဟင့်အင်း မသိချင်ဘူး သူချစ်တာ အီဂျဲနို
အဲ့လူဖြစ်နေသ၍ သူရွေးချယ်နေအုံးမှာပဲ"အဲ့တော့ဘာဖြစ်လို့လဲ အဖေဘာဖြစ်ချင်တာလဲ"
"ဖြတ်ပစ်လိုက် မပြတ်ရင်ဖြတ်ပစ်မှာ"
ထင်ထားတဲ့အတိုင်းပဲ။ ဖိအားပေးဖို့ပဲ သူတို့အတွက်ကောင်းကျိုးရဖို့ပဲ ဘာအဓိပ္ပာယ်မှမရှိတဲ့သောက်ကိစ္စကိုလာလုပ်ခိုင်းနေတာ
"မပြတ်နိုင်ဘူး"
"နာဂျယ်မင်း ငါမင်းအဖေနော်"
"အဲ့တော့ဘာလုပ်ပေးရမလဲ ကျွန်တော်ကအဖေတော်ချင်တယ်များထင်နေလား"
ဂျယ်မင်းရဲ့စကားအဆုံးမှာ မြေကြီးပေါ်ကျခွဲခံလိုက်ရတဲ့ ပန်းအိုးတစ်အိုး။
သူ့ရဲ့ပျော်ရွှင်မှုတွေဆိုတာကလည်း ဒီပန်းအိုးတွေလိုပဲ... ပျက်စီးခဲ့ရတာ၊ ဖျက်ဆီးခံခဲ့ရတာ
"မင်းအနေအထားနဲ့ သူ့လို အောက်တန်းစားကိုတွဲနေတာမရှက်ဘူးလား"
"အဖေဆိုတဲ့ခင်များကရော ဘယ်လောက်အထက်တန်းကျနေလို့လဲ မကောင်းဆိုး....ဝါး"
