10

133 16 1
                                    

အဲ့ဒီနေ့ပြီးတော့ အဆင်ပြေလားဆိုရင်
ဂျယ်မင်းရဲ့အဖြေက ဟင့်အင်းပဲ ။

သူတစ်ဖက်တည်းအဆင်မပြေတာမျိုးမဟုတ်တော့ပဲ ဂျဲနိုကပါသိသိသာသာ ဝိတ်တွေကျတဲ့အပြင် အဆင်မပြေတာမှ ခန္ဒာကိုယ်အတော်ထိခိုက်သည်အထိအဆင်မပြေတာ ။

အဲ့တာအတွက် ဂျယ်မင်းကမေးရင် ဂျဲနိုကမဖြေပဲ ရှောင်ထွက်သွားတယ် ။

ပြောင်းလဲခြင်းများစွာထဲမှာမှ လီဂျဲနိုရဲ့မျက်လုံးတွေက အဆိုးဆုံးပဲ ။ ချစ်ခြင်းတရားအစား အကြောက်တရားတွေဖုံးလွှမ်းနေတဲ့ မျက်လုံးတွေကို ဂျယ်မင်းသိပ်မုန်းပါသည် ။

သူတောင် သူ့မိသားစုနဲ့တန်ပြန်တိုက်ခိုက်ရဲသေးတာပဲ ဂျဲနိုကဘာလို့ သူ့ကိုဒီလိုခံစားရအောင်တွေလုပ်နေတာလဲ ။

နောက်ကွယ်က အကြောင်းပြချက်တွေကိုသူမပြောမပြမချင်း ဂျယ်မင်းငိုပြီးမေးဖူးတယ် ၊ ဒေါသထွက်ပြီးလည်းမေးဖူးတယ် ။ အချိန်တိုင်းမှာ တူညီတဲ့အဖြေကိုပေးတဲ့ ဂျဲနိုက သူ့ကိုချစ်တဲ့လူမဟုတ်ပဲတခြားတစ်ယောက်လိုပင် ။

"ဂျယ်မင်းရေ ငါကန်တင်သွားမလို့လိုက်မလား"

"အင်း ဟျွန်းမင်း"

"မျက်နှာလည်းမကောင်းဘူး ။ ဂျဲနိုနဲ့ရန်ဖြစ်ထားလို့လား"

သူတို့ရဲ့ဆက်ဆံရေးက အချင်းချင်းတောင်လျို့ဝှက်ချက်တွေကြားကနေပေါက်ဖွားလာအောင် မနည်းကြိုးပမ်းခဲ့ရသည်မလို့ ဘယ်အပြင်လူကမှမသိပေ ။

အဲ့ဒီလူတွေနဲ့ကွဲပြားစွာပဲ ဟျွန်းမင်းကတော့အကုန်သိနေသည် ။ ခင်လာတာကြာတာနဲ့အမျှ ဂျယ်မင်းအတွက်ကို အဖြူရောင်သံယောဇဉ်ပေးတဲ့အရိပ်တစ်ခုဖြစ်လာသည် ။

"မဟုတ်ပါဘူး ... ရန်ဖြစ်ရအောင် သူကအိမ်က်ုတောင်ပြန်မှမလာပဲ"

ဂျယ်မင်းရဲ့အသံက ဝမ်းနည်းပြီးတုန်ရီနေမှန်း ဘေးကဟျွန်းမင်းတောင်သိပေမယ့် သူဂရုမစိုက်နိုင်တော့ဘူး ။ ဘာတွေကများ ဂျဲနိုကိုဒီလောက်ထိပြောင်းလဲစေတာလဲ

ကန်တင်းသွားပေမယ့်လည်း ဘာမှစားမဝင်တဲ့ဂျယ်မင်းကို ဘေးကသူ့ရဲ့သူငယ်ချင်းလေးကသာဖြောင်းဖျနေရသည် ။

You've reached the end of published parts.

⏰ Last updated: Apr 07 ⏰

Add this story to your Library to get notified about new parts!

Apocalypse Where stories live. Discover now