6

115 15 0
                                    

"ဂျယ်မင်းထလေ ဘေဘီပဲဒီနေ့လျောက်လည်ချင်တယ်ဆို"

"အွန်း ငါးမိနစ်ပဲ"

ဘေဘီ။ ဂျယ်မင်းနီးက အိပ်ပုပ်လေးမလို့ သူ့ကိုနှိုးရတိုင်းဂျဲနိုက အဲ့ဒီနာမ်စားကိုခေါ်ပြီးနှိုးတာ အခုဆိုအကျင့်တစ်ခုတောင်ဖြစ်လို့နေပြီ။ နှိုးတဲ့အချိန်မဟုတ်ပဲ ကျန်တဲ့အချိန်တွေမှာဆိုလည်း ကြုံရင်ကြုံသလိုခေါ်လိုက်တာပဲ

ချစ်ဖို့ကောင်းတဲ့အချိန်ပဲခေါ်တယ်ပြောရအောင် သူ့ဘေဘီကအမြဲချစ်ဖို့ကောင်းနေတဲ့ ကလေးလေးပဲ

"ကဲ ဘယ်သွားမလဲပြော"

အပြင်ထွက်လည်ရတာမကြိုက်တဲ့ကလေးက ထူးထူးဆန်းဆန်းအပြင်သွားမယ်ပြောလာလို့သာ လိုက်လာရတာ၊ သူဘယ်သွားမယ်မှန်းလဲမသိ။

"ဘယ်သွားရမှန်းတော့မသိဘူး ဒီတိုင်းအတူရှိချင်လို့"

ဂျယ်မင်းကတိတ်တိတ်ဆိတ်နေတတ်တဲ့လူပေမယ့် ဂျဲနိုကတော့ဆန့်ကျင်ဘက်ပင်။ သူ့ရဲ့ lifestyle က လူငယ်တွေရဲ့ ပုံမှန်အပျော်အပါးလိုက်စားတဲ့ပုံပေမယ့် ဂျယ်မင်းနီးက အဲ့လိုနေရာတွေမကြိုက်တာမလို့ အိမ်မှာပဲအတူနေကြတာပိုများသည်။

အဲ့တာကြောင့် ကျောင်းပိတ်ရက်ကိုသေချာပေါက် အပြင်သွားကြမယ်ဆုံးဖြတ်လိုက်ပေမယ့်လည်း ဘယ်သွားလို့သွားရမှန်းမသိ ဖြစ်နေတဲ့ ဂျယ်မင်းပါ...

"ဟောဗျာ အပြင်သွားချင်တဲ့လူကမရွေးထားပဲ ကိုယ့်ကိုပြန်တောင်မေးနေသေးတယ်"

"အဲ့တာဆိုရေခဲမုန့်သွားစားကြမယ်"

ဒါပါပဲ။ ကလေးလေးလို့ခေါ်ရတာကလည်း တကယ်ကိုဂျယ်မင်းက ကလေးလေးပဲ။

ဆန့်ကျင်ဘက်ဖြစ်ခဲ့တဲ့သူတို့နှစ်ယောက်ကို ဘာတွေကများနီးစေခဲ့လည်းဆို သူ့မှာတကယ်အဖြေမရှိဘူး။ ကံကြမ္မာကဖန်တီးပေးတယ်လို့ပဲယုံကြည်ပြီး အရာအားလုံးကို ဂျယ်မင်းရဲ့မျက်နှာလေးကြည့်ရင်း ဖြတ်သန်းမယ်လို့ ဂျဲနိုကဆုံးဖြတ်ထားပြီးသား

ကံကြမ္မာ၊ ဖူးစာဖက်၊ ဝဋ်ကြွေး ဆိုတဲ့စကားလုံးတွေကို မယုံခဲ့တဲ့သူက ဂျယ်မင်းအတွက်ဆို အကုန်မှတ်စိမှိတ်ပုံအပ်ရဲသည်။

Apocalypse Where stories live. Discover now