9

79 16 0
                                    

အခြေအနေတွေကို ဘယ်လိုစကားလုံးတွေနဲ့ဖော်ပြရမှန်းမသိတဲ့ထိ ကြုံတွေ့ဖူးလား ။

ဒါတွေကို လက်တွေ့ဘဝမှာတစ်ခါမှမကြုံဖူးတဲ့ ဂျယ်မင်းအတွက်ကတော့ လက်တွေ့ဘဝမှာ အိမ်မက်တွေလို ၊ မရှိတဲ့အရာတွေလို ဝေဝါးနေဆဲပဲ။

သူနဲ့ဂျဲနိုနဲ့ကြားမှာ ဝေးကွာလာတာလား ၊ နီးစပ်သွားတာလားဆို သူမသိဘူး ။

အသက်ထက်ပိုချစ်ပါတယ်ဆိုတဲ့ ဂျဲနိုရယ် ၊
အသက်နဲ့လဲပြီးချစ်ပါတယ်ဆိုတဲ့ ဂျယ်မင်းရယ် ။

အချစ်တွေရှိနေပါရက်နဲ့ ၊ အခက်အခဲတွေကိုလျစ်လျူရှုထားပါရက်နဲ့ အဆင်ပြေနေတယ်ဆိုတဲ့ စကားစုကို မပြောနိုင်တာ ဘာကြောင့်များလဲ ။

'ဒါပေမယ့် သူ့မိဘက သူ့ကိုအကြောင်းမဲ့သက်သက်စွန့်ပစ်ခဲ့တယ်ထင်လား'

ဟုတ်တယ်
သူအတွေးလွန်နေတာ ။ အဲ့ဒီအတွေးတွေအကုန်လုံးကို ဂျဲနိုကပဲ ဖြေရှင်းပေးနိုင်မှာ ။

-ကျောင်းဆင်းရင် အိမ်မြန်မြန်ပြန်ခဲ့-
-ငါစောင့်နေမယ်-

ဂျယ်မင်းက ဂျဲနိုကို စာပို့ပြီးပဲပြောလိုက်သည် ။ ဖုန်းခေါ်လို့ အရင်တစ်ခေါက်ကလိုဖြစ်ရင် သူဘယ်လိုလုပ်မလဲ ။

ဒါပေမယ့် ကျောင်းဆင်းချိန်ပြီးမှ အိမ်ပြန်ရောက်တဲ့အချိန်မှာမှဘာလို့စကားပြောရတယ်တဲ့လဲ ။

အရင်က ဂျယ်မင်းနဲ့ဂျဲနိုက ကျောင်းအတူသွားတယ် ၊ ကျောင်းအတူပြန်တယ် ၊ အတန်းအတူတက်တယ် ၊ ကန်တင်းအတူထိုင်တယ် ။

ဘယ်သူမှတောင် ခွဲမရနိုင်တဲ့ထိ ၊ ကြားလူဆိုတာမဝင်တဲ့ထိတောင် အတူရှိနေခဲ့ကြတာပဲ။

ဂျဲနိုပြောင်းလဲသွားပြီလားလို့ တွေးမိပြန်တော့လည်း ကိုယ့်ဟာကိုသာ ရိုက်ချင်မိသည်။ ဘယ်လိုဖြစ်နိုင်မှာလဲ ။

ဂျဲနိုလာမယ့်အချိန်ထိသာ အိမ်မှာစောင့်နေလိုက်သည်။ မနက်ထဲကစိတ်မကြည်တာဖြစ်တဲ့အတွက် ညစာစားမည့်အစား ခဏတာ အိပ်ဖို့သာဆုံးဖြတ်လိုက်သည် ။

ည ၉ နာရီ

သူပြန်နိုးလာတဲ့အချိန်က ည ၉ နာရီ ။
ဒါပေမယ့် အခန်းထဲမှာသူတစ်ယောက်ပဲရှိနေတုန်းပဲ... နောက်ကျနေတာဖြစ်မှာပါ ။

Apocalypse Where stories live. Discover now