"ကျွန်တော်အိမ်ခွဲနေမယ်"
အဲ့စကားတစ်ခွန်းပါပဲ။
အဲ့စကားတစ်ခွန်းပြောပြီး ဂျယ်မင်းကနောက်ရက်ကစပြီး ရပ်ကွက်အသေးလေးတစ်ခုမှာတိုက်ခန်းငှားနေတယ်။ဒီနှစ်ကစပြီးဂျယ်မင်းက တက္ကသိုလ်စတက်ရပြီ။ သိပ်ပြီးထူးခြားတာမျိုးမရှိဘူး။ အခုငှားနေတဲ့နေရာကလည်း ကျောင်းနဲ့နီးတယ်
အခန်းကကျဉ်းပေမယ့် တစ်ယောက်တည်းနေတာမို့အဆင်ပြေပါတယ်။
ဒီနေ့ခေါက်ဆွဲပြုတ်စားပါမယ်လို့တွေးထားတဲ့နေ့ကျမှ ခေါက်ဆွဲကကုန်နေလို့သွားဝယ်ရအုံးမယ်။ လမ်းထိပ်မှာစတိုးဆိုင်လေးရှိတော့အဆင်ပြေတယ်။
"စုစုပေါင်း 12000 ကျပါတယ်"
သေချာပေါက်ခေါက်ဆွဲတစ်ထုပ်တည်းဈေးတော့မဟုတ်ဘူးပေါ့။ နောက်ရက်တွေအတွက်ပါလိုရမယ်ရဝယ်ရင်း အိတ်ကိုဆွဲပြီးဆိုင်ပြင်ထွက်လာခဲ့တော့ ရလိုက်တဲ့အနံ့တစ်နံ့။
ဆေးလိပ်သောက်နေတာပဲ။ ဆေးလိပ်သောက်နေတာမထူးဆန်းပေမယ့် ဆေးလိပ်သောက်နေတဲ့လူကဂျဲနိုဖြစ်နေတာကထူးဆန်းသွားတာ။
သူကဒီနားမှာဘယ်လိုလုပ်ရှိနေပါလိမ့်။
"မတွေ့ရတာကြာပြီ ဂျယ်မင်း"
"အင်း"
ထူးဆန်းလိုက်တာ၊ ဒီလိုနှုတ်ဆက်ရအောင်လည်းမရင်းနှီးကြပါပဲနဲ့။
"မင်းအခန်းရှေ့ကအခန်းက ကိုယ့်အခန်း၊ တမင်သက်သက်မင်းအခန်းရှေ့မှာငှားနေတာမျိုးမဟုတ်ဘူး ကိုယ်လည်းဒီနေ့မှသိတာ"
အဲ့လိုဆိုတော့လည်း ဂျဲနိုကိုဒီနားမှာတွေ့ရတာမထူးဆန်းတော့ပါဘူး။ တက္ကသိုလ်လည်းတူလောက်တာမို့ အထူးတလည်လုပ်ပြီးမမေးချင်တော့ဘူး။
မေးချင်တာတစ်ခုတော့ရှိသည်။ ဂျယ်မင်းမေးလိုက်တယ်
"စီးကရက်တွေကိုအခုထိစွဲသောက်နေတုန်းလား"
"တားမယ့်လူမှမရှိပဲ"
အဲ့နေ့ကစပြီး သူတို့အနည်းငယ်ပိုနီးစပ်လာတယ်ပြောရမလား။
ကျောင်းတူတူသွားကြတယ်
တစ်ချို့ရက်တွေ မနက်စာတူတူစားတယ်
တစ်ချို့ရက်တွေဆို ညစာတူတူစားတယ်
ဂျဲနိုကတော့နေ့တိုင်းစီးကရက်သောက်တယ်
