"စည်းစိမ်!"
ထိုသူ၏ခပ်ကျယ်ကျယ်အော်သံကြောင့် ခြံဝင်းအတွင်းမှ လှည့်ကြည့်လာသည့်ကောင်လေးနှစ်ယောက်
ခပ် ရှရှနှင့် ယဉ်ကျေးသော ပြောဆိုသံ
"ကျွန်တော့ နာမည် စည်းစိမ်စိုး"မာထန်ထန်နှင့် ရိုင်းစိုင်းသော ပြောဆိုသံ
"ကျုပ်က စည်းစိမ်စံ!""စည်းစိမ်" ဆိုတာ စည်းစိမ်စံကိုခေါ်သည်ဟု မှန်းမိသော်လည်း ထိုသူက မျက်နှာစိမ်းဖြစ်တာကြောင့် ပြောပြချင်းဖြစ်သည်
ကောင်လေးနှစ်ယောက်ရဲ့အပြောတွေကြောင့် ခေါ်သူက ခပ်ကြောင်ကြောင် ဖြစ်ကာ ထိုနေရာတွင်မလှုပ်မယှက်
ကောင်လေးနှစ်ယောက်က ပုံစံတစ်ယောက်တစ်မျိုးစီဖြင့် ဘယ်သူ့ကိုခေါ်တာလဲဟု မေးသည့်ပုံပေါ်သည်
"အာ.. ဦး မြင့်မြတ်စံ က စည်းစိမ်..စံ ကိုခေါ်ခိုင်းလိုက်လို့ပါ"
ထိုအပြောကြောင့် ခပ်နုနု စည်းစိမ်စိုး ဆိုတဲ့ကောင်လေးက ရှေ့ကိုဆက်လျှောက်သွားသည်
"ဟွန်း"
စည်းစိမ်စံနှာတစ်ချက်မှုတ်ရင်း
"ငါနဲ့ကျရင် ရိုင်းစိုင်းနေသလောက် တစ်ခြားသူနဲ့ဆို ယဉ်ကျေးနေတာပဲ စည်းစိမ်စိုး တို့က"
ထိုကောင်လေးက မလှမ်းမကမ်းက ကားရှိရာဆီသွားပြီဖြစ်သည်
partyကြောင့် စည်စိမ်စံ သူ၏ PA အားမခေါ်ခဲ့တာဖြစ်သည် သူလဲနားချင်မှာပေါ့
ကျောက်ရုပ်အလားရပ်နေတဲ့သူကြောင့် စည်းစိမ်စံ မျက်မှောင်ကြုံ့ကာ ကားဟွန်းတီးမှ ထိုသူကအလန့်တကြားကြည့်ကာ ဖယ်ပေးသည်
ထိုနေရာက ကျောင်းကပြုလုပ်ပေးသည့် party အဝင်ဝတွင်ဖြစ်သည်
စည်းစိမ်စိုး party ထဲဝင်သွားတော့ နေခတ် တို့က လက်လှမ်းပြသည်
"မင်းကလဲ နောက်ကျလိုက်တာ စည်းစိမ်စံ ရော"
"သူ့အဖေခေါ်လို့ပြန်သွားတယ်"
မှင်သေသေ မျက်နှာထားနှင့်အုတ်ခဲကျိုးရောင်မျက်လုံး တစ်စုံ ခပ်ထက်ထက် မျက်ခုံးတန်းလေးနှင့် ခပ်ပါးပါး နှုတ်ခမ်းတစ်စုံ shirt အဖြူကို ဘောင်းဘီ အနက်ထဲ ထည့်၍ဝတ်ထားကာ လက်ကို တံတောင်ဆစ်အထိ ခေါက်ထားသည် ခပ်ဝဲဝဲဆံပင်အနက်တို့အား လှန်တင်လိုက်ပုံက မင်းသားလေးတစ်ပါး အလား