မျက်ရည်များဖြင့် ခြယ်သသော (1)

24 2 6
                                    

" ဘာလို့ ကိုယ့်ကို မရွေးချယ်ခဲ့တာလဲလို့ ကိုယ်အပြစ်မတင်ပါဘူး !
ဘာလို့ ကိုယ့်ကို မငေးကြည့်ပေးရက်တာလဲလို့လည်း ကိုယ် မဖွဲ့နွဲ့ချင်ဘူး !
ကိုယ်လေ ဘဝမှာ မင်းကို ပိုင်ဆိုင်ဖို့ တစ်ခါမှ မမျှော်လင့်ဖူးဘူး !
ပိုင်ဆိုင်ရတဲ့ နေ့ရောက်ပြန်တော့လည်း မင်းက မျက်ရည်တွေနဲ့ !
‌မတရားဘူး ... ကံကြမ္မာရယ်
ကျွန်တော့် လမင်းလေးကို သူချစ်ရသူရင်ခွင်ထဲမှာ ပျော်ရွှင်ခွင့်ပေးသင့်ပါရဲ့ "

- ကင်မ်

ဒိုင်ယာရီ စာရွက်လေးသည် မျက်ရည်စများဖြင့် စိုရွှဲနေသည့်ကြား ဝိုင်းစက်နေသော လက်ရေးများက ထင်းနေသည်။ စာမျက်နှာ တစ်မျက်နှာ တိုင်း ကင်မ်၏ လမင်းလေးအပေါ် ချစ်တတ်ပုံကို ရေးဖွဲ့ထားတာ ဩချလောက်ပါပေရဲ့။

ဒါကိုလည်း လမင်းလေးက မထီတထီ ရယ်ကာ စာရွက်တွေကို ဆွဲစုတ်ပစ်လိုက်တော့ ငေးနေရသူ ကင်မ် ရင်ကွဲရသည်။

ကျွန်တော်ခံစားချက်တွေက တစ်ကယ်ပဲ လမင်းငယ်အတွက် မသက်ရောက်ဘူးလား။ မင်းတစ်ကယ်ပဲ ကိုယ့်အချစ်တွေကို မခံစားရဘူးလား။

ခုံတန်းလေးပေါ် ထိုင်နေသူ လမင်းလေးကတော့ ကျွန်တော်၏ ဖွဲ့နွဲ့ပုံတွေကို သဘောမကျသည့်အလား  စာရွက်တွေကို တစ်ရွက်ချင်းဖတ်၍ မသတီသလို ကြည့်ရင်း မီးခြစ်မီးဖြင့် လက်စဖျောက်နေသည်။

ထိုသို့ဖြင့် တစ်သက်တာ ခံစား‌ချက်တွေ ဖွင့်ထုတ်ကာ ကင်မ်နမ်ဂျွန်း၏ ဒိုင်ယာရီလေးသည် ကင်မ်ဆော့ဂျင်၏ လက်စဖြင့် ပြာစအဖြစ်သို့ တစ်စတစ်စ ပြောင်းလဲနေသည်။ အလားတူ နောက်ကွယ်က ကြည့်နေသော ကင်မ်၏ နှလုံးသားသည်လည်း ထိုမီးဖြင့် တောက်လောင်ခံနေရသည့် အလား ... ။ ရင်ကွဲရပြန်ပြီ။

🍁🍁🍁🍁🍁

" အကို ဂျီမင် ကြားပြီးပြီလား။ အကို့ရဲ့ ရည်းစားဟောင်း လက်ထပ်တော့မယ်ဆိုတာ "

" ငါနဲ့ဆိုင်လား "

" ဒါပေမဲ့ ... "

" ဒီမှာ ! ပတ်ဂျီမင်က ပြီးပြီးသား အတိတ်တွေကို အာရုံထဲမထည့်ဘူး။ စိတ်လည်း မဝင်စားဘူး။ အကယ်၍ အတိတ်တွေကို ပြင်ခွင့်ရရင်တောင် မပြင်ချင်ဘူး။ အဲ့လောက်ထိ အားယားမနေတာမို့ ငါ့ကို သူစိမ်းတစ်ယောက်ရဲ့ အကြောင်းစုံလာရှင်း ပြစရာမလိုဘူး "

You've reached the end of published parts.

⏰ Last updated: Mar 13 ⏰

Add this story to your Library to get notified about new parts!

မျက်ရည်များဖြင့် ခြယ်သသောWhere stories live. Discover now