"ခေါင်းတွေကိုက်လိုက်တာ ကျစ်!"
ထယ်ယောင်းအပေါ်ကိုတက်လာတော့ ဂျောင်ကုရဲ့
ညည်းသံကြားလို့ အခန်းထဲကိုအမြန်ပြေးဝင်သွားလိုက်တယ်"ဘာဖြစ်တာလဲ"
"ကိုယ်ခေါင်းတွေအရမ်းထိုးကိုက်နေတယ်ကွာ"
နားထင်ကိုလက်နဲ့ဖိပြီးညည်းကာပြောနေတဲ့
ဂျောင်ကုကြောင့် သနားမိသွားသည်"ခဏနေဆရာဝန်ခေါ်လိုက်မယ်နော် ခေါင်းက
ကိုက်မှာပေါ့ နေ့မနားညမနား ကွန်ပြူတာထဲ
ခေါင်းစိုက်ပြီး အလုပ်လုပ်နေတာကို""ကိုယ်လိုချင်တဲ့Projectရဖို့ပါကွာ"
"အခုတော့လှဲနေအုန်း ဆရာဝန်ခေါ်လိုက်အုန်းမယ်"
"အင်းအင်း"
ထယ်ယောင်းအောက်ထပ်ဆင်းလာပြီ ဆရာဝန်ကို
ဖုန်းဆက်လိုက်တယ် ခဏနေကြဆရာဝန်ရောက်လာလို့ ဆရာဝန်နဲ့အတူ အပေါ်တက်လာလိုက်တယ်"ဂျောင်ကု ဘယ်လိုဖြစ်ရတာလဲ"
"အလုပ်များသွားလို့ပါ အန်ကယ်"
"မင်းလဲအလုပ်လေးလျှော့လုပ်အုန်း မင်းတို့မိသားစု
ရှာထားတာတွေက နောင်ဆယ်သက်စားမကုန်ပါကွာ""ဟုတ်ကဲ့ပါ အန်ကယ်"
"အေ့အေ ဆေးထိုးပေးခဲ့မယ် ထမင်းကလွဲရင်
ကျန်တာအကုန်စားလို့ရတယ် အဖျားသွေးလေးရှိနေလို့""ထယ် ဂရုစိုက်ကျွေးလိုက်ပါမယ်"
"ဟုတ်ပါပြီ ဒါဆိုသွားခွင့်ပြုပါအုန်း"
"အောက်လိုက်ပို့ပေးမယ်"
"ရတယ် ရတယ် သူ့နားပဲနေခဲ့လိုက်တော့နော်"
"ဟုတ်ဟုတ်"
ဆရာဝန်ထွက်သွားမှ ထယ်ယောင်းလဲ ဂျောင်ကုမျက်နှာသစ်ဖို့ အဝတ်တစ်ခုနဲ့ရေစိုအောင်လုပ်ပြီး
မျက်နှာကိုရေအစိုလေးနဲ့သေချာသုတ်ပေးလိုက်တယ် အကုန်ပြီးမှအင်္ကျီလဲဖို့တွက် အင်္ကျီထုတ်ပေးလိုက်တယ်"ဘာစားချင်လဲဟင်"
"ကိုယ်ရင်ခွင်ထဲခဏလောက်လာနေပေးပါလား
ပြီးမှအစားသောက်ကိစ္စပြောမယ်"