မရေးခင်ကြိုတင်သတိပေးချင်ပါတယ်။ ဒီFicမှာ
Jiminကို ဗီလိန်ဇာတ်သွင်းထားတာမရှိပါဘူး
ဇာတ်ကောင်အရ အမေကိုကြောက်နေရသူမို့
သူစိတ်သွားတိုင်းကိုယ်မပါနိုင်တာပါ ဒါကိုဆဲနေတာတွေကြောင့် ပြဿနာအဖြစ်မခံနိုင်ပါဘူး ဒါကြောင့်လဲ Jmကြိတ်မုန်းဆိုတာကြီးလဲ အဖြစ်မခံနိုင်ပါဘူး
ဇာတ်ကောင်းတစ်ခုချင်းစီတိုင်းကို သေချာအသေးစိတ်ရေးထားလို့ပါ FicကိုFicလိုပဲ ဖတ်စေချင်ပါတယ် ပြဿနာဖြစ်တော့မယ်ဆိုတာ ကြိုမြင်ယောင်နေလို့ ကြိုပြောရချင်ပါ။**********
ထယ်ယောင်း ခြေတွေလက်တွေ အေးစက်နေပြီ
အကြောင်းရင်းကတော့ နာရီပိုင်းအတွင်း
သူတစ်မိုးအောက် အားလုံးရဲ့ ဘုရင် ဂျွန်ဂျောင်ဂုနဲ့ လက်ထပ်ရတော့မှာမို့ပင် ဒီလက်ထပ်ပွဲပြီးရင်
သူတွက်ဆိုးကျိုးကြီးပဲ ဖြစ်လာမှာ သိသိရက်နဲ့ လက်ခံလိုက်တာပါထယ်ယောင်းလဲ လွန်ခဲ့တဲ့6ရက်က ဒီလက်ထပ်ရတဲ့
အဓိကအကြောင်းရင်ကို ပြန်တွေးမိတော့တယ်.
.
.
.
.
.ထယ်ယောင်း ဒဏ်ရာတွေပြန်သက်လာပြီးမို့ ကျောင်းသွားရတော့မည်မို့ စက်ဘီလေးထုတ်ကာ
ကျောင်းကိုထွက်လာလိုက်သည် လမ်းရောက်တော့
သူစက်ဘီးရှေ့ကားတစ်စီးထိုးရပ်လာလို့ မော့ကြည့်လိုက်တော့ ဂျောင်ဂုကားထဲက ဆင်းလာသည်ဘေးကလူတွေရော လမ်းသွားလမ်းလာတွေရောက
အရိုသေပြုနေလို့ သူလဲထိုလူတွေနဲ့အတူ အရိုသေပြုလိုက်ရသည်"အကုန်သွားစရာရှိတာသွားကြ!"
ထယ်ယောင်းလဲ အကုန်ဆိုတော့ သူလဲပါတယ်ထင်လို့ စက်ဘီးနင်းမလို့ပြင်နေတုန်း စက်ဘီးလက်ကိုင်ကို လာကိုင်တဲ့ ထိုလူကြီး
"မင်းမပါဘူး"
ထယ်ယောင်းလဲ မပါဘူးဆိုတော့ ရပ်ထားရတာပေါ့
အကုန်လူရှင်းသွားတော့ သူနားကိုကပ်ရပ်လာတယ်"မင်းတို့တွေသွားကြတော့ အရေးကြီးရင်
Phဆက်လိုက်""ဟုတ်ကဲ့ သခင်လေး"
ကားမောင်းတဲ့လူတွေရော သက်တော်စောင့်တွေပါ
အကုန်ပြန်လွှတ်ပြီး သူနားမှာလာရပ်နေလို့
ထယ်ယောင်း ကြောင်ကြည့်နေမိသည်
