"ထယ်ကို မရိုက်ပါနဲ့တော့ တောင်းပန်ပါတယ်
နာလှပြီးမို့ တော်ပါတော့ သခင်မကြီး ထယ်
နောက်မဖြစ်စေရဘူးလို့ ကတိ့ပေးပါတယ်
တောင်ပန်းပါတယ် အရမ်းနာလာလို့ပါ ဟင့်!""သေချာတယ်နော် ကင်မ်ထယ်ယောင်း!!"
"ဟင့် သေချာပါတယ် သခင်မကြီး"
သူကတိ့သေချာပေးမှ သူကိုရိုက်လက်စ ကြိမ်တုတ်ကို လွှင့်ပစ်ပြီး အပေါ်ကိုတက်သွားတော့သည် သူလဲ
အဲ့ကျမှ မနည်းကုန်ရုန်းထကာ အခန်းထဲကို ဖြည်းဖြည်းချင်သွားလိုက်တယ် အခန်းထဲရောက်လို့
ဖြည်းဖြည်းကုတင်ပေါ်လှဲချတုန်း ရောက်လာတဲ့
တီတီတို့"ထယ်ယောင်းလေးအရမ်းနာနေတယ်မလား
တီတီဆေးလိမ်းပေးမယ် မှောက်လိုက်နော်""ဟုတ်"
"သခင်မကြီးတို့က လွန်ပါတယ်ကွယ် သူသားရည်းစားထားတာမိတာ သူ့သားကိုရိုက်လေ
ထယ်ယောင်းလေးက ဘာဆိုင်လို့ရိုက်တာ သူသားလဲ 18နှစ်မဟုတ်တော့ဘူး 20ရှိပြီး ကလေးမှ မဟုတ်တာ သူကြိုက်တဲ့သူနဲ့တွဲမှာပေါ့""တီတီရယ် ထယ်ကအဲ့ကိစ္စကို2နှစ်ကြာဖုံးကွယ်ထားမိတာကို ပြီးတော့အမြဲတမ်း အတွဲစောင့်ပေးနေတာကို မိသွားတော့ ရိုက်ခံရမှာပေါ့"
"ထယ်ယောင်းကလေ သူတို့သားမိကြားက ပဲလှော်ကြား ဆားညှပ်မှာသိလား သူသားကအရှေ့သာ
တဟုတ်ဟုတ်နဲ့ ကွယ်ရာမှာ အကုန်လုပ်ချင်ရာ
လုပ်တာ ထယ်ယောင်းတွက် တီတီရင်လေးတယ်
ကလေးရယ်"ထယ်ယောင်းလဲ တီတီအပြောကို သက်ပြင်းသာ
ချမိတယ် တီတီကသူကိုချစ်လို့စိတ်ပူလို့ ပြောတာကို
သူနားလည်ပါတယ်"တီတီရပြီး ထယ်ညကျမှ ထပ်လိမ်းလိုက်မယ်"
"ဒီနေ့တော့အေးဆေးနား ထယ်ယောင်းလေး လုပ်ရမဲ့ဟာတွေကို ဦးလေးကကူလုပ်ပေးလိမ့်မယ်"
"ဦးဦးကိုအာနားရအုန်းမယ် နောက်ရက်ကျ ဦးဦးအလုပ်တွေပါ ကူပေးပါမယ်လို့ ပြောပေးပါနော်"
"မလိုပါဘူး အဲ့အဘိုးကြီးက မဟုတ်ရင် မီးဖိုချောင်လုပ်ငန်းကို မပင်ပန်းဘူးထင်နေတာ ဒင်းတစ်ရက်
လောက် ခိုင်းရမှာပဲ"