"ကိုကို"
"ဂျီဂျီ ရေးကြီးသုတ်ပျာနဲ့ဘာဖြစ်လာတာ"
"သတင်းထူးပါတယ်"
"ဘာများလဲ"
ပြောမဲ့အရေးကိုမပြောပဲ နွားနို့အရင်သောက်နေလို့
မရှည်တဲ့စိတ်ကိုဆွဲဆန့်ထားရတယ် ဂျီဂျီနဲ့သူ
လက်ထပ်ထားတာ တစ်ပတ်ပဲရှိသေးတယ်အခုလိုအမြန်ဆုံးလက်ထပ်ဖို့တွက် ကင်မ်ထယ်ယောင်းကို အသုံးချမိသလိုဖြစ်သွားတယ် သူတို့ရဲ့
လုပ်ရပ်က ဂျောင်ကုအမေပါဆုံးရှုံးသွားမယ်လို့
သူတို့မထင်ခဲ့မိဘူး အဲ့တွက်အားနာတယ် ဒါပင်မဲ့
သူနောင်တမရပါဘူး"ဂျီဂျီ သိချင်နေပြီးလို့ စပ်စုစိန်ရေ"
"ဟဲဟဲပြောမယ်"
"ဂျောင်ကုတို့အိမ်ပြောင်းသွားပြီ"
"ဟမ်?"
"ဟုတ်တယ် ဘယ်ပြောင်းတယ်ထင်လဲ"
"မသိဘူးလေ"
"အခုဂျီဂျီတို့နေတဲ့အိမ်ရဲ့ငါးအိမ်ကျော်ကို ပြောင်းလာတာ"
"ဟိုအသစ်ဆောက်ထားတဲ့ ငါးထပ်တိုက်ကြီးလား"
"ဟုတ်တယ် နောက်တစ်ခုက သူ့ထယ်ယောင်းကို
အရင်လိုမဟုတ်ဘူးတဲ့ ကောင်းကောင်းမွန်မွန် ဆက်ဆံနေပြီတဲ့ အဲ့အိမ်ကိုလဲထယ်ယောင်း နာမည်နဲ့
စာချုပ်ချုပ်ပေးထားတာတဲ့""ဘယ်လို ဘာတွေပြောင်းလဲသွားတာလဲ"
"ဘယ်လိုပြောင်းလဲလဲပေါ့ ကိုကိုမပျော်ဘူးလား"
"ထယ်ယောင်းတွက်ပျော်ပါတယ် ဒါပင်မဲ့
ဂျောင်ကုကအဆိပ်ပြင်းတဲ့ကောင် ပြီးသွားတဲ့
ပြဿနာကိုလွယ်လွယ်ကျော်သွားမဲ့အကောင်
မဟုတ်ဘူး""ကိုကိုကဘာတွေတွေးပူနေတာလဲ ဂျီဂျီဖြင့်
အဲ့သတင်းကြားကြားချင်းပျော်လွန်းလို့ ဘာမှဝယ်မလာခဲ့ရဘူး""ဟမ်? နေ့လည်ကိုဘာနဲ့စားကြမှာ"
"ဟဲဟဲ ဆိုင်ကမှာစားကြတာပေါ့"
"လုပ်ပြန်ပြီဂျီဂျီရာ"
"ကိုကိုကလဲ ချစ်တယ်လေ"
"ဒါပဲ ဒီကလဲချစ်ပါတယ်ဗျာ"
ဟိုဆော့တစ်ယောက် ဂျီမင်းကိုဖက်ထားရင်း
တွေးနေမိတော့တယ် ဘာလို့ဒီနေရာမှ ပြောင်းလာတာလဲ ထယ်ယောင်းကိုသူခွင့်လွှတ်လိုက်ပြီးထား
သူတို့ကိုတော့လွယ်လွယ်နဲ့ ကျော်သွားမဲ့ကောင်
မဟုတ်ဘူး ဂျောင်ကုနဲ့သူထိပ်တိုက် တွေ့ရတော့မယ်
ထင်တယ်