ထယ်ယောင်းအခုရက်ပိုင်းနေလို့သိပ်မကောင်းချင်ဘူး ဘာစားစားကို ရွံနေမိတာ အနံ့ရရင်ကို အန်ချင်တာလိုလို ဘာလိုလို အခုတောင်သံပုရာဖျော်ရည်ပဲ
၀င်လို့ အဲ့တာပဲသောက်နေရတယ်"ထယ်ရေ ထယ်ပေါက်စ"
ထယ်ယောင်းအောက်ထပ်က တကြော်ကြော်ခေါ်သံ
ကြားလို့ အောက်ထပ်ဆင်းသွားလိုက်တယ်
အောက်ရောက်တော့သူ့ကိုပွေ့ချီလိုက်တာ လူတောင် လန့်သွားတယ်"ဘာမှမစားဘူး အန်ပဲအန်နေတာဆို နေမကောင်းဘူးလား ဘာစားချင်လဲ"
"ဂျွန့်ကိုပဲစားချင်တာ~"
"အဲ့ဆိုအခန်းထဲသွားမယ်လေ"
"အာ...ထယ်ကစတာလို့ မနေ့ညကမှအတူနေထားရတာကို"
"ဒီလူ့ကိုမကြောက်မရွံ့လာစရဲတယ်ပေါ့
တအားတွေသတ္တိတွေရှိနေတာလား ဟုတ်လား""ဟီးးးဂျွန်ကလဲ"
"ကဲထားပါ ဘာလို့ဘာမှမစားတာတုန်း"
"ဘာမှစားချင်စိတ်မရှိလို့"
"ရေခဲမုန့်စားမလား"
"ဟင့်အင်း"
"စတော်ဘယ်ရီဖျော်ရည်ရော"
"ဟင့်အင်း"
"အင်းးးကြက်ကြော်ရော"
"ဟင့်အင်း"
"ခေါက်ဆွဲပြုတ်"
"ဟင့်အင်း"
"ကင်မ်ချီ"
"ဟင့်အင်း"
"ဟောဗျာ ဘာလို့ဘာမှမစားချင်ရတာတုန်း
အဖျားလဲမရှိပါဘူး ထယ်ပေါက်ရယ်""အပြင်လိုက်ပို့ပါလား အပြင်ရောက်မှစားချင်တာတွေ့ရင်ပြောမယ်လေ နော်"
"ကိုယ်ကအလုပ်ရှိသေးတယ် ဒါပင်မဲ့ဖြတ်လိုက်မယ်
လာသွားမယ် ကားပေါ်တက်နှင့်နော်""ဟုတ်ဟုတ်"
ထယ်ယောင်းလဲကားပေါ်ကနေထိုင်စောင့်နေလိုက်တယ် ခဏနေတော့အလုပ်နဲ့ဖုန်းပြောပြီး ကားမောင်းမဲ့နေရာဝင်ထိုင်ပြီး မြို့ထဲဘက်ထွက်လာလိုက်တယ်
အင်းးးဂျွန်နဲ့လက်ထပ်ထားတာ6လကျော်ပြီ အခုနောက်ပိုင်း အများကြီးအလိုလိုက်တယ် ကျောင်းလဲ
ပြန်လာထားပေးတယ် ဒါပင်မဲ့လိုင်းပေါ်ကပဲ ထားပေးတော့တာ အပြင်လဲသူပါမှထွက်ရတာ ပြောတာတော့ စိတ်ပူလို့ပါတဲ့ သူ့အရိပ်ကလွတ်ရင် တစ်ခုခု
ဖြစ်မှာကြောက်လို့တဲ့ သူငယ်ချင်းတွေလာခေါ်ရင်တော့ လွှတ်ပေးတဲ့အခါကျလွှတ်ပေးတယ်
