*Intro*

5.1K 132 18
                                    

Unicode.......

(အခုရေးသားမည့် အကြောင်းအရာအားလုံးတို့သည် သျှင်းစိတ်ကူးရင် ဖန်တီးထားသော အကြောင်းအရာများသာ ဖြစ်ပါသည်။စကားလုံးအသုံးအနှုန်းကြမ်းများလည်း ပါဝင်နိုင်ချေများတာမို့ ၁၈နှစ်အောက်ကလေးတွေအနေဖြင့် မဖတ်ရင် ပိုအဆင်ပြေပါမည်)

နီကိုးလ် အင်ပါယာကြီးမှာ မျိုးနွယ်စု လေးစုနေထိုင်တယ်။နတ်သူငယ်မျိုးနွယ် ၊ စုန်းမျိုးနွယ် ၊ မှော်မျိုးနွယ် နှင့် လူသားမျိုးနွယ်ဆိုပြီးပေါ့ ။ လူသားမျိုးနွယ်ဟာ လောဘကြီးတယ် ။ အင်ပါယာကြီးတစ်ခုလုံးကို အုပ်စိုးချင်တယ် ။

ထို့ကြောင့် သူတို့ရဲ့နယ်မြေကို ချဲ့ထွင်ဖို့ ဆုံးဖြတ်လိုက်ကြတယ် ။လူသားမျိုးနွယ်တွေဟာ နတ်သူငယ်တွေကို တိတ်တစ်ဆိတ် ဖမ်းခေါ်သတ်ဖြတ်တယ် ။ နတ်သူငယ်ရဲ့ သွေးတွေကို စုဆောင်းကာ  လူသွေးဖြင့် ရောနှောပြီး ဂါထာမန္တန်အစီအရင်များဖြင့် ဆေးဖော်စပ်ခဲ့တယ် ။

ထိုဆေးကိုလည်း အထူးလေ့ကျင့်သင်ကြားပေးထားသော တပ်သားတွေဆီကိုသာ အသုံးပြုလေ့ရှိတယ် ။ လေးငါးကြိမ်မက စမ်းသပ်ခဲ့ပေမယ့် အောင်မြင်ကျရှုံးခဲ့တယ် ။ နောက်ဆုံးမှာတော့ အထူးတပ်ဖွဲ့ခေါင်းဆောင်ရဲ့ သားဖြစ်သူ ကင်ထယ်ဟျွန်းကို စမ်းသပ်မှုအပြီးမှာ  အောင်မြင်မှုကို ‌ရရှိခဲ့တယ် ။

လူသားလည်းမဟုတ် နတ်သူငယ်လည်းမဟုတ်တဲ့ သွေးနှောကို  သတ်ဖြတ်သူဆိုပြီး သတ်မှတ်ခဲ့တယ် ။ နယ်မြေချဲ့ထွင်တဲ့ ကိစ္စရပ်တိုင်းကို သတ်ဖြတ်သူတွေကိုသာ အထူးစေလွှတ်ခဲ့တယ် ။

သတ်ဖြတ်သူခေါင်းဆောင် ကင်ထယ်ဟျွန်း ။ နယ်မြေချဲ့ထွင်မှုများလာတာနှင့်အမျှ သူ၏စိတ်နေသဘောထားဟာ ပြောင်းလဲလာပြီး မျိုးနွယ်စုကနေ ထွက်ခွာကာ တစ်ဦးတည်း ရှင်သန်နေထိုင်ခဲ့တယ် ။

အခကြေးငွေပေးရင် သူဟာ အကုန်လုပ်ပေးလေ့ရှိတယ် ။ ချွင်းခြက်တော့ ရှိတယ် ။ သူဟာ အစီရင်ကြောင့် ဖြစ်လာတဲ့ သတ္တတါတွေကိုသာ သုတ်သင်ရှင်းလင်းတယ် ။ ဘယ်မျိုးနွယ်စုကိုမှ သတ်ဖြတ်လေ့မရှိ ။

My Favourite Medicine Where stories live. Discover now